Skip to main content

ဧရာရေထွက် ပြည်ပပို့ကုန်ဂဏန်းဈေးကွက်

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်နေ သော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အပြင် ပင်လယ်နှင့်နီးကပ်လျက်ရှိသော ကမ်းခြေဒေသထွက် ရေထွက်ကုန်များသာမက ငါး၊ ပုစွန်၊ ဂဏန်းများလည်းမွေးမြူလျက်ရှိပြီး ရေထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့လည်း တင်ပို့လျက်ရှိနေပါသည်၊၊ ဂဏန်းကောင်များသည် ရေချို၊ ရေငန်စပ်ဒေသများတွင်ပေါက်ဖွား၍ ၎င်းကို မြစ်ဝကျွန်ပေါ် ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သည့် နေရာများတွင်လည်းတွေ့ရှိနိုင်ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲမြို့နယ် များတွင်လည်းထွက်ရှိ၍ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ TMIL ကုမ္ပဏီ၊ MEF ကုမ္ပဏီ၊ စူပါရွှေရောင် ကုမ္ပဏီတို့တွင်မွေးမြူထားသော အအေးခန်းစက်ရုံများမှဂဏန်းများကို ရန်ကုန်သို့ တင်ပို့လျက်ရှိ ကြောင်းသိရပါသည်၊၊

လပွတ္တာမြို့နယ်မှဂဏန်းများကို လစဉ် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချမှုမှာ ဧပြီလတွင် ၄၃၄၀၄ ကီလို၊ မေလတွင် ၂၉၂၉၃ ကီလို၊ ဇွန်လတွင် ၃၃၇၁၅ ကီလို၊ ဇူလိုင်လတွင် ၂၉၄၈၀ ကီလိုနှင့် ဩဂုတ်လတွင် ၃၈၄၂၁ ကီလိုတို့ဖြစ်ခဲ့ပြီး ယခင်လထက် ကီလို ၉၀၀၀ နီးပါးပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဂဏန်းဈေးနှုန်းများအနက် ဂဏန်းပျော့တစ်ကီလိုလျှင် ၉၅၀ဝိ/ကျပ်ဈေးနှုန်းနှင့် ဂဏန်းမာတစ်ကီလို လျှင် ကျပ်၉၀၀ဝိ/ဈေးနှုန်းတို့ဖြင့် TMIL၊ MEF၊ စူပါရွှေရောင်ကုမ္ပဏီများနှင့် ရန်ကုန်မြို့တို့မှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိကြောင်းသိရပါသည်၊၊

DOCA(ဧရာဝတီ)