နေပြည်တော် အောက်တိုဘာ ၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနရှိ အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အမှာစကားပြောကြား
အခမ်းအနားတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းသို့ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၁၅၀ တက်ရောက်ခဲ့ပြီး သင်တန်းတွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက စဉ်းစားတွေးခေါ်မှု ပြောင်းလဲခြင်း၊ သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေနှင့် သတင်း/ ပညာ၊ ရုံးလုပ်ငန်းဘာသာရပ်နှင့် ဝန်ထမ်းစည်းမျဉ်း၊ စာရင်းစစ်ဆေးခြင်းနှင့် ဘဏ္ဍာရေးစည်းမျဉ်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ၊ နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် အသင်းပိုင်ငွေဖြင့် ဆောင်ရွက်သော နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေတို့ဖြင့် မိုးစပါးလုပ်ငန်းဆောင်ရွက်ခြင်း၊ S.O.P လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်နှစ်ခုအား ဆွေးနွေးပို့ချခြင်း၊ လက်ရှိဆောင်ရွက်နေသော သမဝါယမအသင်းများ အခြေအနေနှင့် ကုန်ထုတ်၊ ဝန်ဆောင် သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်း၊ စီမံခန့်ခွဲမှုနှင့် သုတေသနနှင့်စာရင်းအင်း၊ သမဝါယမအသင်းပိုင်ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး OVOP လုပ်ငန်းအတွက် Pilot Project ဆောင်ရွက်ခြင်း၊ သမဝါယမ (မြစိမ်းရောင်)စီမံကိန်း ဆောင်ရွက်ခြင်း၊ ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် ကုန်သွယ်သမဝါယမအသင်းများ အဆင့်မြှင့်တင်ခြင်း၊ အခြေခံစာရင်းရေးနှင့်စာရင်းကိုင်ပညာ၊ အခြေခံသမဝါယမအသင်းများတွင်ထားရှိရမည့် စာရင်းဇယားရှစ်မျိုးရေးသွင်းနည်း ဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်