Skip to main content

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်

နေပြည်တော် အောက်တိုဘာ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ထမ်းများစွမ်းဆောင်မှု အရည်အသွေးတိုးတက်မြင့်မားစေရေး မွမ်းမံသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနများနှင့်လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပို့ချဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် မရှိမဖြစ်လိုအပ်သည့် လျှပ်စစ်မီးစဉ်ဆက်မပြတ်ရရှိရေးကိုလည်း ဦးတည်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပို့ချချက်များ၊ အပြန်အလှန်ဆွေးနွေးခြင်းများမှရရှိသည့် အသိပညာများ၊ အတွေ့အကြုံများဖြင့် လုပ်ငန်းတာဝန်များကို တက်ကြွစွာ ဆောင်ရွက်ကြရန်နှင့် ဝန်ကြီးဌာန၏ မူဝါဒချမှတ်ထားသည့် စည်းကမ်းများနှင့် သင်တန်းကာလ တစ်လျှောက်တွင် သင်ကြားပေးခဲ့သည့် ဘာသာရပ်များကို ဆက်လက်ဆည်းပူးလေ့လာပြီး ဝန်ထမ်းကောင်းများအဖြစ်ဌာနအကျိုး၊ အများပြည်သူအကျိုးကို စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းဆောင် ရွက်သွားကြရန်မှာကြားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ဓာတ်အားခွဲရုံများ တည်ဆောက်၊ မောင်းနှင်၊ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(/၂၀၂၃)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ်(/၂၀၂၃)တို့ကို ရက်သတ္တငါးပတ်ကြာဖွင့်လှစ်ပြီး စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်းအမှတ်စဉ် (/၂၀၂၃)ကို ရက်သတ္တရှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်