Skip to main content

ပြင်ဦးလွင်နှင့် တာချီလိတ်မြို့နယ်တို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် ပြင်ဦးလွင်မြို့နယ် အရှေ့ပင်လိန်ကျေးရွာအနီးတွင် စိုင်းဝင်းနိုင်(ခ)စိုင်းဝင်း မောင်းနှင်ပြီး စိုးအောင်လိုက်ပါလာသည့် Toyota Wish အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုလည်းကောင်း၊ ထို့ပြင် ယင်းနေ့ ည ၁၀ နာရီခွဲတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်တွင် မသင်္ကာဖွယ်တွေ့ရှိသူ ရန်အောင်(ခ)ကီလိုကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အားမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်