နေပြည်တော် ဇူလိုင် ၁၆
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် ခင်ဇော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မင်းဘာကြီးဆိပ်ခံ တံတားရှိလေးမြစ်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမကြီးကောင်ရေသုံးသိန်းငါးသောင်းကို စိုက်ထည့်ပေးခဲ့ကြောင်း သတင်းရရှိသည်။