Skip to main content

သံအမတ်ကြီး ဦးမြတ်သက်ဦး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတထံ ခန့်အပ်လွှာပေးအပ်

နေပြည်တော် ဇွန် ၂၆

လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သံအမတ်ကြီး ဦးမြတ်သက်ဦးသည် ၄င်း၏ခန့်အပ်လွှာကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့ရှိ သမ္မတနန်းတော်၌ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ သောင်းလွန်းစီဆိုလစ် ထံသို့ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

သတင်းစဉ်