Skip to main content

တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Taur Matan Ruak ၏ဇနီး Madame Isabel da Costa Ferreira ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းလက်မှတ်ရေးထိုး

ရန်ကုန် ဇွန် ၂၃

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့နံနက် ၁၀ နာရီခွဲတွင် တီမောလက်စ်တေနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. Taur Matan Ruak ၏ ဇနီး Madame Isabel da Costa Ferre- ira ကွယ်လွန်ခဲ့သည့်အတွက် အမှတ်(၁၀၇)/ E ဗဟိုလမ်း ကရင်ခြံရပ်ကွက် အလုံမြို့နယ် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တီမောလက်စ်တေနိုင်ငံ သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ် စာအုပ်တွင် သွားရောက် လက်မှတ်ရေးထိုးသည်။

သတင်းစဉ်