နေပြည်တော် ဇွန် ၇
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တောင်အာရှနိုင်ငံခြား သတင်းထောက်များအသင်းဥက္ကဋ္ဌ Mr.Shirumalla Venkat Narayan နှင့် အဖွဲ့က ယနေ့ မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။
ရင်းရင်းနှီးနှီးဆွေးနွေး
တွေ့ဆုံစဉ် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ The Global New Light of Myanmar သတင်းစာ အဆင့်မြှင့်တင်ပြောင်းလဲရေးနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး သတင်းများထည့်သွင်းဖော်ပြပေးရေး၊ အိန္ဒိယနိုင်ငံ၌ ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းကျောင်းများတွင် မြန်မာနိုင်ငံမှ သင်တန်းသားများ ပိုမိုတက်ရောက်နိုင်ရေး၊ ပြည်ပမီဒီယာများ စိတ်ဝင်စားသည့်သတင်းနှင့် သတင်းပုံစံကျဖော်ပြနိုင်ရန် ဆောင်ရွက်ရေး၊ သတင်းမီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးနိုင်ရေး၊ နိုင်ငံပိုင်မီဒီယာ နှင့် လွတ်လပ်သည့် မီဒီယာဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံသတင်းသမားများ အပြန်အလှန်လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်