Skip to main content

အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများအား တပ်မတော်(လေ)မှ လေယာဉ်များဖြင့် ဆက်လက်ပို့ဆောင်

နေပြည်တော် မေ ၂၃

တပ်မတော်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များအား စုဖွဲ့စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေး ပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီပို့ဆောင်ပေးလျက် ရှိသည်။

တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက လှူဒါန်း သည့် စားသောက်ကုန်ပစ္စည်းမျိုးစုံနှင့် အဝတ်အထည်များ တင်ဆောင်၍ နေပြည်တော်လေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော်လေယာဉ်ဖြင့် တစ်ကြိမ် ပို့ဆောင်ပေးခဲ့သည်။

ကူညီကယ်ဆယ်ရေး ပစ္စည်းများပို့ဆောင်

အလားတူ ယနေ့တွင်လည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် ဝန်ကြီးဌာနများမှ လှူဒါန်းသည့် မြေပဲအိတ်များ၊ ATOM ဆက်သွယ်ရေးပစ္စည်းများ၊ တပ်မတော်စက်ရုံများမှ ထုတ်လုပ် သည့် လက်ဖက်ရည်ထုပ်များ၊ ပဲမျိုးစုံအိတ်များ၊ ခေါက်ဆွဲခြောက်များ၊ ကြက်သွန်နီအိတ်များ၊ ဘဲဥများ၊ ဆိုလာဓာတ်မီးများ၊ စားဆီပုံး များ၊ ဟင်းသီးဟင်းရွက်များ၊ MPT ဆက်သွယ်ရေးပစ္စည်းများ၊ မိုးကာများ၊ ဘက်ထရီအိုးများ၊ အဝတ်အထည်များ၊ ကြက်ဥများ၊ ဘုရားဆင်းတုတော်များ၊ သွပ်၊ စားသောက်ကုန် ပစ္စည်းများ၊ မီးစက်နှင့်ကူညီကယ်ဆယ်ရေး ပစ္စည်းများကို တင်ဆောင်၍ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေဆိပ်မှ စစ်တွေလေဆိပ်သို့ တပ်မတော် လေယာဉ်များဖြင့် လေးကြိမ်ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ တပ်မတော်လေယာဉ်များဖြင့် ရောက်ရှိလာသော ပစ္စည်းများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်