Skip to main content

သဘာဝလေဘေးတိုက်ခတ်မှုကြောင့် စစ်တွေတပ်နယ်ရှိ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ပြုပြင်နေမှုများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂၂

သဘာဝလေဘေး တိုက်ခတ်မှုကြောင့် စစ်တွေတပ်နယ်ရှိ ပျက်စီးမှုဖြစ်ပေါ်ခဲ့သော စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်လည်ပြုပြင်ခြင်း ဆောင်ရွက်နေသည့် အခြေအနေများကို ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေး သည်။

ထို့နောက် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် အဆောက် အအုံများအား ရှင်းလင်းဖယ်ရှားခြင်း၊ ပြိုလဲနေသည့် သစ်ပင်ကြီးများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဆေးရုံဝင်းအတွင်းနှင့် စာသင်ကျောင်း အတွင်း/အပြင် သန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်