နေပြည်တော် မေ ၂၂
တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ၂၀၂၃ ခုနှစ် မေ ၂၅ ရက်မှ ၂၈ ရက်အထိ လေးရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
ပြပွဲတွင် တရုတ်နိုင်ငံမှ ကော်ဖီနှင့် လက်ဖက်ခြောက်၊ မက္ကဒေးမီးယား၊ အသင့်စား စားသောက် ကုန်များ၊ ဆိုလာစွမ်းအင်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ မီးဖိုချောင်သုံးနှင့် အခြားလူ့အသုံး အဆောင်ပစ္စည်းများအပါအဝင် မြန်မာနိုင်ငံမှ မြန်မာ့ကျောက်မျက်ရတနာပစ္စည်းများ၊ ဒေသ ထွက်ကုန်များနှင့် MSME ထုတ်ကုန်များ ပါဝင်ပြသမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်