နေပြည်တော် မေ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးတင့်၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို၊ ဒေါ်သင်းသင်းနွဲ့ တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူး အယူခံမှုအမှတ် ၁၀၃/ ၂၀၁၉ (မန္တလေး)၊ ၂၀/၂၀၂၁ (ကချင်)၊ ၄၁ / ၂၀၂၂ (ပဲခူး) နှင့် ၄၂/ ၂၀၂၂ (ပဲခူး) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှု တို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၅၁/၂၀၂၂ (မန္တလေး)၊ ၁၆/၂၀၂၂ (မန္တလေး) နှင့် ၃၀/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူး အယူခံမှု(၃)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။
သတင်းစဉ်