နေပြည်တော် ဖေဖော်ဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အရာတော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား ကျောင်းသူများ စီးနင်းလိုက်ပါ လာသောယာဉ်အား PDF အမည်ခံ အကြမ်းဖက် သမားများက အကြောင်းမဲ့ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ကျောင်းသား ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
လက်လုပ်ရီမုမိုင်းဖြင့် ဖောက်ခွဲ
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲပိုင်းတွင် အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အရာတော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား ကျောင်းသူများ လိုက်ပါလာသောယာဉ်သည် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် အရာတော်မြို့၏အထွက် အနောက်မြောက် ဘက်မီတာ ၁၅၀၀ ခန့်အကွာသို့ အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်ရီမုမိုင်းဖြင့် အကြောင်းမဲ့ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် ကျောင်းသူတစ်ဦးသေဆုံးပြီး ကျောင်းသား ကျောင်းသူ ၁၀ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကျောင်းသားကျောင်းသူများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အရာတော်မြို့ ပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိ ကြောင်း၊ ယခုကဲ့သို့ NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ အနေဖြင့် နိုင်ငံတကာဥပဒေများ၊ ပြဋ္ဌာန်းချက် များကို ချိုးဖောက်ကာ ကလေးသူငယ်များ၏ ပညာသင်ကြားရေးကို နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက်မှု များသည် ဂျနီဗာ ကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရစစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေရာဇသတ်ကြီးနှင့် သက်ဆိုင်ရာတည်ဆဲဥပဒေများဖြင့် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်