နေပြည်တော် ဇွန် ၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ကြည့်ရှုစဉ် ဒုတိယဝန်ကြီးက အသက်(၁၈)နှစ်အောက်ကလေးများကို လက်ခံထားသဖြင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါအခြေခံအခွင့်အရေးများဖြစ်သော အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်နှင့် ပညာရေး၊ ကျန်းမာရေးအခွင့်အရေးများ ရရှိရေးဆောင်ရွက်ပေးရန်၊ ကလေးသူငယ် တရားရုံးများက စေလွှတ်လိုက်သည့် ကလေးများဖြစ်သဖြင့် ပတ်ဝန်းကျင်အခြေအနေ၊ အကျင့်စာရိတ္တ၊ ဝါသနာထုံမှုနှင့် ပေါင်းသင်းဆက်ဆံမှုများကိုအခြေခံပြီး လိုအပ်သောစိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ရှိလာအောင် လူမှုဝန်ထမ်းနည်းစနစ်များဖြင့် ဆောင်ရွက်ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
