နေပြည်တော် ဇန်နဝါရီ ၂၈
CMP သွင်းကုန်ပို့ကုန်ဆိုင်ရာကြီးကြပ်ရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဆပ်ကော်မတီ၏ တတိယအကြိမ်ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများနှင့် CMP ပို့ကုန်သွင်းကုန်များ မှန်ကန်စွာဆောင်ရွက်နိုင်ရေးအတွက် စစ်ဆေးရေးအဖွဲ့များ ဖြည့်စွက်ဖွဲ့စည်း၍ ထိရောက်စွာဆောင်ရွက်နိုင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ ဆပ်ကော်မတီအဖွဲ့ဝင်ဌာနများမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးချုပ်၊ CMP နှင့် ဆက်စပ်သည့် အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ CMP ပို့ကုန်သွင်းကုန်ဆိုင်ရာ စစ်ဆေးရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်