Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင် ဘိုးဘွားရိပ်သာနှင့် မသန်စွမ်းကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၈

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်သည် ယမန်နေ့က ပြင်ဦးလွင်မြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ ချယ်ရီမြေဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာအုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ အားပေးစကားပြောကြားသည်။

ထို့နောက် စစ်ကိုင်းခရိုင်လူမှု ဝန်ထမ်းရုံး၊ စစ်ကိုင်းမူလတန်းကြိုကျောင်း၊ စစ်ကိုင်းမျက်မမြင်ကျောင်း၊ မန္တလေးနားမကြားသောကလေးများကျောင်းနှင့် မန္တလေးမသန်စွမ်းသက်ငယ်သင်တန်း ကျောင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်