Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဥက္ကဋ္ဌဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ နှစ်သစ်ကူး ဩဝါဒကထာ

ဘုန်းဘုန်းအနေဖြင့် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါတို့မှ ပျောက်ကင်းစေရန်အလို့ငှာ သိဒ္ဓိပေါက် ဘုရားဂုဏ်တော် ၁၃ ပါး ဂါထာတော်ကို ဩဝါဒကထာအဖြစ် မိန့်ကြားလိုပါသည်-

သိဒ္ဓိပေါက် ဘုရားဂုဏ်တော် ၁၃ ပါး

အရဟံ ဗဟိအန္တဇယံ သုဂတံ

အမိတံ ဝိရဇံ လလိတံ အတုလံ။

စရဏံ တိဘဝူပသမံ ယမကံ၊

သုခဒံ သရဏံ ပဏမာမိ ဇိနံ။

(၁) အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို၊ အဟံ - တပည့်တော်သည်၊ ပဏမာမိ - ရှိခိုးပါ၏

(၂) ဗဟိအန္တဇယံ - အတွင်းအပရန်ကို အောင်မြင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၃)  သုဂတံ - ကောင်းသောစကားကို ဆိုတော်မူသောမြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၄) အမိတံ - မနှိုင်းယှဉ်နိုင်သော တန်ခိုးရှိတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုး ပါ၏၊

(၅) ဝိရဇံ - ကိလေသာမြူ ကင်းတော် မူသော မြတ်စွာဘုရားကို၊ ပဏမာမိ - ရှိခိုးပါ၏၊

(၆) လလိတံ - တင့်တယ် သပ္ပာယ်တော် မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၇) အတုလံ - အတုမရှိသော မြတ်စွာ ဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၈) စရဏံ - အကျင့်စရဏနှင့် ပြည့်စုံ တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၉) တိဘဝူပသမံ -  ဘုံသုံးပါး၌ ကိလေသာမြူ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို၊ ပဏမာ မိ-ရှိခိုးပါ၏၊

(၁၀) ယမကံ - ရေမီးအစုံ တံခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ -ရှိခိုး ပါ၏၊

(၁၁) သုခဒံ - ချမ်းသာအဝဝကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၁၂) သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

(၁၃) ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏၊

ဘုရားဂုဏ်တော်ပွားများသောသူသည် အစစ ဆောင်ရွက်သမျှကိစ္စတွေ ပြီးမြောက်သည်။ သိဒ္ဓိပေါက် တန်ခိုးရရှိပေသည်။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူအားလုံးနီးပါး ဘုရားရှင်၏ တန်ခိုးတော်ကြောင့် (ကိုဗစ်-၁၉)ရောဂါ ကမ္ဘာမှာ အနည်းဆုံးလောက် ကင်းရှင်းကြပေသည်။ လူတိုင်းရွတ်ဖတ် ပွားများကြလျှင် မြန်မာနိုင်ငံ၌ ကိုဗစ်−၁၉ ရောဂါ လုံးဝပျောက်ကွယ်သွားမည်ဟု ယုံကြည်ပါသည်။ သို့အတွက် နှစ်သစ်ကူးမင်္ဂလာရှိ၍ ရောဂါဆိုးတို့မှ ပျောက်ကင်းသွားအောင် လူတိုင်းလူတိုင်း ဤသိဒ္ဓိပေါက်ဂါထာကို ရွတ်ဖတ်ကြပါဟု ဘုန်းဘုန်း တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။