နေပြည်တော် ဇူလိုင် ၂၁
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၂၃-၇-၂၀၂၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၄)၊ အမှတ် (၃၀) တွင် ဉာဏ်ပညာရှိသော သမီးပျိုလေး၏ အကြံပေးချက်ကြောင့် ငွေအသပြာပေးလျော်ရမည့် ဆင်းရဲဒုက္ခက လွတ်မြောက်သွားသော ထမင်းဆိုင်ရှင်အကြောင်းကို တင်ဆက်ထားသည့် “ပညာရှိသမီးပျို” မျက်နှာဖုံးကာတွန်း၊ ဆောင်ရွက်ချက် အတော်များများတွင် မြေပုံ၏ အရေးပါအရာရောက်ပုံအကြောင်း တင်ဆက်ထားသည့် “မြေပုံ၏အသုံးဝင်ပုံ” သုတဆောင်းပါး၊ မြောင်းထဲကျသွားသော ပိုက်ဆံတစ်ရာကို ပြန်လည်မရသောကြောင့် အငိုမတိတ်သည့် ကလေးငယ်လေး တစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် “ဘယ်လိုလုပ်ရမလဲ” မျက်နှာ ဝက်ကာတွန်း၊ သူငယ်ချင်းများနှင့် စာကားပြောရာတွင် ဟာသပြောတတ်သော မောင်တိုးအကြောင်း သရုပ်ဖော်ထားသည့် “တာတေနှင့် ဝသန်မြင်းမိုရ်” နှစ်မျက်နှာကာတွန်း၊ ညီအစ်မသုံးယောက်ရှိသည့်အနက် စိတ်ကောင်းရှိသော အလတ်မလေးအပေါ် သူတော်ကောင်းများက စောင့်ရှောက်ပုံအကြောင်း တင်ဆက်ထားသည့် “ညီအစ်မသုံးဖော်” ပုံပြင်ကဏ္ဍ၊ မိမိ၏ မဆင်မခြင်ပြောလိုက်မိသော စကားကြောင့် သူတစ်ပါး စိတ်အနှောင့်အယှက်ဖြစ်ခြင်းက ကင်းဝေးရန် အခြေအနေ အချိန်အခါကို လေ့လာပြီးမှ စကားပြောဆိုတတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာမအင်ကြင်း (ဆေး-၁)၏ “မပြောခင် စဉ်းစားပါ”ဝတ္ထုကဏ္ဍ၊ အနာဂတ်၏ သားကောင်း ရတနာများဖြစ်ကြသော ကလေးတို့အနေဖြင့် လူတော်လူကောင်းများဖြစ်ရန် အသိပညာများကို မပြတ်ဆည်းပူးလေ့လာ တတ်ရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် “ဖူးသစ်စ”ကဗျာ ကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် အင်္ဂလိပ်စကားဝိုင်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်