Skip to main content

ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်မည့် မိဘပြည်သူများ လိုက်နာဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံပန်ကြားခြင်း

- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။

- လာရောက်သူများအားလုံး နှာခေါင်းစည်း(Mask)များ မပျက် မကွက် စနစ်တကျတပ်ဆင်ရန်။

- သတ်မှတ်ပေးထားသော နေရာများတွင် စနစ်တကျလက်ဆေးခြင်း၊ အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ဝင်ရောက်ရန်။

- ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းနှင့် ဗိုလ်ချိုလမ်းဆုံတွင် ကိုယ် အပူချိန်တိုင်းတာခြင်း အပါအဝင် ကျန်းမာရေးဆိုင်ရာ စစ်ဆေး မှုများနှင့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ နေရပ် လိပ်စာ၊ တယ်လီဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာ စာရင်းပေးသွင်းရန်၊ နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်)ဝန်ထမ်းကတ် (သို့မဟုတ်) ကျောင်းသားကတ်(သို့မဟုတ်) ကိုယ်ရေးအချက်အလက် စိစစ်နိုင်သည့် အသိအမှတ်ပြု ကတ်ပြားယူဆောင်လာပါရန်။

- ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ ဘေးတိုက် အကွာအဝေးများကို (၆)ပေအကွာအဝေးအတိုင်း လိုက်နာနိုင်ရန်နှင့် နေရာများအလိုက် တာဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုကို ပူးပေါင်းပါဝင်ရန်။

- ကိုယ်အပူချိန်မြင့်ခြင်း (အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အားအင် ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေး တွေ့ရှိရပါက သက်ဆိုင်ရာ၏ အကြံပြုချက်အတိုင်း လိုက်နာ ဆောင်ရွက်ရန်။

- ဗိုလ်ချုပ်အောင်ဆန်းပြတိုက်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့် အညီ လိုက်နာဆောင်ရွက်ရန်။

- ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လေ့လာသူများအနေ ဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ စီတန်းပြီး ပြတိုက်အတွင်း ခွင့်ပြုသည့်အရေအတွက်အတိုင်း ဝင်ရောက်လေ့လာရန်နှင့် တစ်ဦးနှင့်တစ်ဦး (၆)ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရန်။

- ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးနေသည့် (Covid-19)ဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊ သတိပေးချက် များကို တိကျစွာလိုက်နာဆောင်ရွက်ရန်။

- သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါရှိသူများအနေဖြင့် လုံးဝ(လုံးဝ) လာရောက်ခြင်းမပြုရန်။

- ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အင်အားကုန်ခန်းခြင်းစသည့် ရောဂါလက္ခဏာများ ဖြစ်ပွားနေပါက လုံးဝ (လုံးဝ)လာရောက်ခြင်းမပြုရန်။