Skip to main content

တတိယအကြိမ်မြောက် အာဆီယံစားသုံးသူကာကွယ်ရေးညီလာခံကျင်းပ

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် “Building a fair and future Ready Marketplace for consumer in ASEAN” ဟူသော Theme ဖြင့် ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးညီလာခံ (3rd ASEAN Consumer Protection Conference) ကိုဖိလစ်ပိုင် နိုင်ငံမှအိမ်ရှင်အဖြစ်တာဝန်ယူ၍ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီအနေဖြင့် အပြည်ပြည်ဆိုင်ရာ အခမ်းအနား များတွင် အာဆီယံအခန်းကဏ္ဍကိုမြှင့်တင်ဖော်ဆောင်နိုင်ရန်နှင့် အာဆီယံစားသုံးသူကာကွယ် ရေးကော်မတီနှင့် အဖွဲ့ဝင်နိုင်ငံများမှ ဆောင်ရွက်နေသည့် စားသုံးသူကာကွယ်ရေးမူဝါဒ၊ စားသုံး သူထောက်ခံအားပေးမှုနှင့် စားသုံးသူကာကွယ်ရေး ခိုင်မာအားကောင်းမှု စသည့်နယ်ပယ်များတွင်ရရှိခဲ့သည့် အောင်မြင်မှုများနှင့် တိုးတက်မှုအခြေအနေများကို ဖော်ထုတ်ပြသရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ညီလာခံအား Thematic Session (၃) ခုဖြစ်သော “Laying the Foundation for inclusive Digital Transformation in ASEAN” ၊Scanning the Horizon- Towards the New Normal for B 2 C Dispute Resolution in ASEAN” နှင့် “Empower Consumers-Strengthening the Consumer Movement in ASEAN” တို့ဖြင့် ကျင်းပခဲ့ရာ စားသုံးသူကာကွယ်ရေးအဖွဲ့ဝင်နိုင်ငံများနှင့် ကျွမ်းကျင်ပညာရှင်များမှ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA