Skip to main content

ဈေးကွက်အတွင်းရှိ အလေးချိန်မပြည့်မီသော Paris ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်း လဲလှယ်ခြင်း

ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်မှ ဝန်ထမ်းများသည် Pacific  Co.,Ltd မှဝန်ထမ်းများပူးပေါင်း၍ (၁၇-၆-၂၀၂၂)ရက်နေ့ နံနက် ၁၀ အချိန်ခန့်တွင် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ မြို့မဈေးကြီးရှိ ဈေးဆိုင်များသို့ သွားရောက်၍ ‌အလေးချိန်လျော့နည်းသော PARIS ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်းလဲလှယ်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြောက်ဦးမြို့ မြို့မဈေးကွက်အတွင်းရှိ ဈေးဆိုင်(၁၆)ဆိုင်၌ ဆိုင်တင်ရောင်းချနေသော သတ်မှတ်အလေးချိန် မပြည့်မီသော PARIS ဆပ်ပြာခဲများအား ပြန်လည်သိမ်းဆည်းပြီး  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်ပါ အသားတင်အလေးချိန်နှင့်ကိုက်ညီသည့် PARIS ဆပ်ပြာခဲများဖြင့် အစားထိုးလဲလှယ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ရခိုင်)