Skip to main content

အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ (၅) ကြိမ်မြောက် လူပုဂ္ဂိုလ်များ ယာယီရွှေ့ပြောင်း သွားလာမှုဆိုင်ရာ အထူးအစည်းအဝေးသို့ ပါဝင်တက်ရောက်

အာဆီယံဝန်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ (၅) ကြိမ်မြောက် လူပုဂ္ဂိုလ်များယာယီ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အထူးအစည်းအဝေး (Fifth Special Meeting of the Coordinating Committee on Services (CCS) on Movement of Natural Persons (MNP) အား Hybrid ပုံစံ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁)ဦး ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။

အစည်းအဝေးတွင် ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သော အာဆီယံလူပုဂ္ဂိုလ်များ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သဘောတူညီချက်၏ နောက်ဆက်တွဲဖြစ်သည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ကတိကဝတ်များဇယားကို တစ်ပြေးညီပုံစံဖြစ်စေရေးပြင်ဆင်သည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA