Skip to main content

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ (၂၀၂၂) ထွက်ပြီ

နေပြည်တော် ဇူလိုင် ၆

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စီစဉ်ထုတ်ဝေသည့် “သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ (၂၀၂၂)” စာအုပ်သည် ပြည်သူများ အသိဉာဏ် ဗဟုသုတ ပြည့်စုံစေရန်၊ ရာထူးဝင် စာမေးပွဲများ၊ ပြန်တမ်းဝင်ခွင့် စာမေးပွဲများ ဖြေဆိုရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် အခြားသိရှိလိုသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ရှာဖွေလေ့လာ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ၂၀၀၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။

ယခု ၂၀၂၂ ခုနှစ်ထုတ် စာအုပ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်း ကောက်နုတ်ချက်များနှင့် သဝဏ်လွှာ ကောက်နုတ်ချက်များ၊ မြန်မာရေးရာနှင့် ပတ်သက်သည့် အချက်အလက်များ၊ နိုင်ငံတကာရေးရာ သိမှတ်ဖွယ်ရာများ၊ သံတမန်ရေးရာ သိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အထွေထွေ သိမှတ်ဖွယ်ရာများနှင့် ပတ်သက်၍ နောက်ဆုံး အခြေအနေများကို ထည့်သွင်း ဖြည့်စွက်ထားပါသည်။

ထို့ပြင် နိုင်ငံ့ဝန်ထမ်း လျှောက်ထားခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာ အချက်အလက်များနှင့် ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာ များလည်း ပါရှိသည့်အတွက် ဗဟုသုတ ရှာမှီးလိုသူများ၊ ရာထူးဝင်စာမေးပွဲ ဖြေဆိုမည့်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ လက်ကိုင် ထားသင့်သည့်စာအုပ် ဖြစ်သည့်အပြင် အနာဂတ်နိုင်ငံတော်အတွက် လူချွန်လူကောင်းများ၊ ခေါင်းဆောင်ကောင်းများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်း လာစေရေးအတွက် အထောက်အကူပြုမည့် စာအုပ်ဖြစ်သဖြင့် အိမ်တိုင်းရှိ စာအုပ်စင်တိုင်းတွင် ဆောင်ထားသင့်သည့် စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ ဇွန်လ၌ ထုတ်ဝေပြီး နေပြည်တော်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ ဖုန်း ၀၆၇-၃၄၁၂၃၇၁ နှင့် စာပေဗိမာန် အရောင်းဆိုင်တို့တွင် လည်းကောင်း၊ ရန်ကုန်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ထုတ်လုပ်ရေးဌာနခွဲ၊ အမှတ် (၂၂၈) သိမ်ဖြူလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ဖုန်း ၀၁-၈၂၀၁၉၃၆၊ ၀၁-၈၃၇၁၃၄၀၊ စာပေဗိမာန် အရောင်းဆိုင်များ၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း စာအုပ်အရောင်းဆိုင်နှင့် အမြို့မြို့အနယ်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများတွင် လည်းကောင်း ဝယ်ယူနိုင်ပြီဖြစ်ပါသည်။

သတင်းစဉ်