Skip to main content

ယနေ့မှစ၍ နယ်စပ်စစ်ဆေးရေးဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ယာယီပိတ်ပင်

နေပြည်တော်  မတ်  ၁၉

COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည်သည့်နိုင်ငံခြားသားကိုမဆို မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားသည့် နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ယနေ့မှစ၍ ယာယီပိတ်ပင်တားမြစ်လိုက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

သို့သော် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆက်လက် ဝင်ရောက်ခွင့်၊ ထွက်ခွာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နှစ်ဖက်ဒေသခံပြည်သူများ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် (Border Pass) ဖြင့် ဝင်ရောက်ခွင့် ခွင့်ပြုထားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်  လက်မှတ်ဖြင့် ဝင်ရောက်လာသူများကို ကိုယ်အပူချိန်  တိုင်းတာမှုများ၊ ကျန်းမာရေးစိစစ်မှုများ တင်းကျပ်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေတာ