Skip to main content

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားများ နေပြည်တော် MRTV တွင် လေ့လာ

နေပြည်တော် မေ ၂၈

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသား၊ သင်တန်းသူ ၂၈ ဦးတို့သည့် ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်တို့တွင် လေ့လာကြသည်။

အဆိုပါ လေ့လာရေးအဖွဲ့ဝင်များသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်မှုများတွင် အသုံးပြုခဲ့သည့်စက်ပစ္စည်းများ၊ တိုက်ရိုက်ထုတ်လွှင့်ရေး မော်တော်ယာဉ်များ၊ သတင်းတင်ဆက်မှု ပုံစံငယ်များ၊ ခေတ်အဆက်ဆက် ထုတ်လွှင့်တင်ဆက်ခဲ့သည့် အစီအစဉ်များတွင် ပါဝင် ဆောင်ရွက်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ တူရိယာပစ္စည်းများ၊ သတင်းစတူဒီယိုခန်းများ၊ ရေဒီယို အစီအစဉ်တွင် အသုံးပြုခဲ့သည့် ခေတ်ဟောင်း ဓာတ်ပြားများနှင့် အခြားအသုံးအဆောင်ပစ္စည်းများ စသည့် စုစုပေါင်း ပြခန်း ၄၀ တွင်ခင်းကျင်း ပြသထားမှုများအပြင် ပင်မ အဆောက်အအုံအတွင်း ရုပ်သံထုတ်လွှင့်မှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်း ဖြေကြားကြသည်။  

အဆိုပါပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သင်တန်းသားသင်တန်းသူများသည် ၎င်းတို့ဌာနတွင် ဖွင့်လှစ်သည့် E–Library Management System Software အသုံးပြုနည်း သင်တန်း (၁/၂၀၂၂) သို့ တက်ရောက်ခဲ့ကြပြီးနောက် သက်ဆိုင်ရာဒေသ အသီးသီးသို့ ပြန်လည် မထွက်ခွာမီ MRTV သို့ လာရောက်ပြီး ရုပ်သံထုတ်လွှင့်မှုများကို လေ့လာကြခြင်း ဖြစ်သည်။

သတင်းစဉ်