Skip to main content

ရေကြောင်းသတိပေးချက်ထုတ်ပြန်၊ ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် Metocean Survey လုပ်ငန်းများ ဆောင်ရွက်မည်

နေပြည်တော်   မတ်  ၁၀

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E & P Myanmar ကုမ္ပဏီသည် ကမ်းလွန်လုပ်ကွက်အမှတ် A-6 တွင် Metocean Survey လုပ်ငန်းများကို MV. PACIFIC PATRIOT (Call Sign: 9VCT8) ရေယာဉ်ဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၁၄ ရက်မှ ဇွန် ၃၀ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်သည်။

Metocean Survey လုပ်ငန်းများကို Point Deep Site 1 (Current mooring) တွင်  မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၆ မိနစ် ၃၉ ဒသမ ၇၄၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၂ မိနစ် ၃၀ ဒသမ ၅၆၁ စက္ကန့်၊ Deep Site 1 (DWR mooring) တွင်  မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၅ မိနစ် ၃၇ ဒသမ ၉၅၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၄၂ မိနစ် ဝ၆ ဒသမ ၂၅၃ စက္ကန့်၊ Mid-Shallow Site 2 (Wave Scan mooring) တွင် မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၇ မိနစ် ၁၄ ဒသမ ၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ဝ၅ မိနစ် ၂၀ ဒသမ ၄ စက္ကန့်၊ Mid-Shallow Site 2 (Current meter) တွင်  မြောက်လတ္တီတွဒ် ၁၆ ဒီဂရီ ၅၇ မိနစ် ၃၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ဝ၅ မိနစ် ၂၀ ဒသမ ၄ စက္ကန့်၊ Shallow Site 3 (Current meter) တွင်  မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် ၃၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၃ မိနစ် ၅၁ စက္ကန့်၊ Rise Site 4 (Current meter) တွင်  မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ဝ၁ မိနစ် ၂၉ ဒသမ ၁၇၇ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၆ မိနစ် ၃၇ ဒသမ ၈၇၃ စက္ကန့်၊ Slope Site 5 (Current meter) တွင်  မြောက်လတ္တီတွဒ် ၁၇ ဒီဂရီ ဝ၁ မိနစ် ၃၇ ဒသမ ၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ဝ၀ မိနစ် ၃၃ ဒသမ ၉၃၈ စက္ကန့်တွင် ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ကြောင့် မတ် ၁၄ ရက်မှ ဇွန် ၃၀ ရက်အထိ လုပ်ငန်းဆောင်ရွက်နေစဉ် လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင်ဧရိယာမှ ၄ ကီလိုမီတာ ပတ်လည်အတွင်း ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီးခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းများ မပြုလုပ်ကြရန် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေး ကြေညာထားကြောင်း သိရသည်။

(သတင်းစဉ်)