Skip to main content

သားငါးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေး အစိုးရ၊ ပုဂ္ဂလိကနှင့်လုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်သွားမည်

နေပြည်တော် မတ် ၁၅

ရေထွက်ကုန်များ ပြည်ပတင်ပို့မှု အနေဖြင့် ယခု ဖေဖော်ဝါရီလကုန်အထိ ဘဏ္ဍာရေးနှစ် ကာလတို အတွင်း ယခင်နှစ် အလားတူ ကာလထက် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ပိုမိုတင်ပို့နိုင်သည် ကို တွေ့ရှိရကြောင်း၊ ယခုကဲ့သို့ တင်ပို့နိုင်ခြင်းသည် ဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တို့အကြား နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့်ဖြစ်ကြောင်း၊ အစိုးရ၊ ပုဂ္ဂလိကနှင့် လုပ်ငန်းရှင်များ အကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မတ် ၁၃ ရက်က ရန်ကုန်တိုင်း ဒေသကြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် အဖွဲ့ချုပ် တာဝန်ရှိသူများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြော ကြားသည်။

တွေ့ဆုံပွဲတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိ သူများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင် များက ပြည်ပသွင်းကုန် အစားထိုး ဆောင်ရွက်နိုင်ရေး၊ သား၊ ငါး၊ တိရစ္ဆာန် ရောဂါနှင့် ဓာတုဆေးဝါး ဓာတ်ကြွင်း ကင်းစင်ပြီး အာဟာရ ပြည့်ဝသည့် နိုင်ငံတကာ စံချိန် စံညွှန်းမီ မွေးမြူထုတ်လုပ်နိုင်ရေး ကိစ္စရပ်များကို လည်းကောင်း၊ မွေးမြူရေး ရေထွက်ကုန် ကိုးမျိုး နှင့် ပြည်ပပို့ကုန်များ၊ ဓာတု ဆေးဝါး ဓာတ်ကြွင်း စောင့်ကြည့် စစ်ဆေးမည့် အစီအမံများ၊ ရေသတ္တဝါများနှင့် အသားကဏ္ဍ ထုတ်ကုန်များတွင် ရောဂါကူးစက် ပျံ့နှံ့ခြင်း ဖြစ်ပွားပါက အရေးပေါ် ဆောင်ရွက်နိုင်မည့် အစီအမံများ၊ မွေးမြူရေးထုတ်ကုန်များ၏ ဇာစ် မြစ်အား ပြန်လည်စစ်ဆေးနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်ပ ပို့ကုန်များ အား သက်ဆိုင်ရာ နိုင်ငံများ၏ သတ်မှတ်စံချိန်စံ ညွှန်းပြည့်မီရေး စီမံဆောင်ရွက်ရန် လိုအပ်ချက် များကိုလည်းကောင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်