နေပြည်တော် ဖေဖော်ဝါရီ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၂၀၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးသွားမည် ဖြစ်သည်။
ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီ များကို အောက်ဖော်ပြပါ မြန်မာရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး၊ နေ့စဉ် ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ www.mpta.org.mm တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိနေသည်။
ပြည်သူများအနေဖြင့် ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။
သတင်းစဉ်