Skip to main content

သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၂၅

ပညာရေးဝန်ကြီးဌာနနှင့် မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီတို့ ပူးပေါင်းကျင်းပသော သတင်းမှား၊ သတင်းမှန် ခွဲခြားသုံးသပ်နိုင်စေ ရေး အသိပညာပေး ဆွေးနွေးပွဲ များကို ဖေဖော်ဝါရီ ၂၅ ရက်က အ.ထ.က(၂) ဗဟန်း၌လည်းကောင်း၊ ဖေဖော်ဝါရီ ၂၄ ရက်က အ.ထ.က (၂) လသာ၌လည်း ကောင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် အ.ထ.က (၁) လသာ၌လည်း ကောင်း၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် အ.ထ.က (၆) ဗိုလ်တထောင်၌ လည်းကောင်း နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်း မောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးမျိုးထွန်း(မောင်စိမ်း နောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးအောင်ပြည့်စုံ(ပြည့်အောင်)နှင့် တွဲဖက်အတွင်းရေးမှူး(၂) ဦးသက် နိုင်ဦးတို့က တက်ရောက်ဆွေးနွေး ဟောပြောကြရာ ကျောင်းသား ကျောင်းသူများအနေဖြင့် သတင်း များကို အမှားအမှန် ခွဲခြား သုံးသပ်နိုင်စေရန် သာဓကများ၊ အချက်အလက်များ အပြည့်အစုံ ဖြင့် ဆွေးနွေးခဲ့ကြသည့်အပြင် လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြလျက်ရှိသော သတင်းများ ကို နည်းပညာများအသုံးပြု၍ မည်သို့မည်ပုံခွဲခြားသုံးသပ်ရသည် ကို ဆွေးနွေးဟောပြောကြသည်။

ဆက်လက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာသမိုင်းစာအုပ်များနှင့် အခြားသိမှတ်ဖွယ်ရာစာအုပ် များကိုဥက္ကဋ္ဌဦးအုန်းမောင်(မြင်းမူ မောင်နိုင်မိုး)က သက်ဆိုင်ရာကျောင်းအုပ် ဆရာ ဆရာမကြီး များထံသို့အမှတ်တရလက်ဆောင် ပေးအပ်ပြီးနောက် ကျောင်းအုပ် ဆရာ ဆရာမကြီးများက ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အဆိုပါ အသိပညာ ပေး ဆွေးနွေးပွဲသို့ ကျောင်းသားကျောင်းသူစုစုပေါင်း ၁၅၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်