Skip to main content

“ပျော်စရာအငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃

ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ သံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ ဟားစတိုင်ရဲ့ “ ပျော်စရာအငြိမ့်” ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၆ ရက် (စနေနေ့) ည၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို စတားကောင်းထက်ကစီစဉ်ပြီး မြန်မာ့အသံ ဆိုင်းဝိုင်းကြီးအဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင် မင်းသမီး ကြယ်စင်လင်း၊ ရှေ့ထွက်မင်းသမီး ဝိုင်းကြာဖြူ၊ လူရွှင်တော်များ ဖြစ်ကြသည့် စတားကောင်းထက်၊ ကောင်းမွန်၊ ဘာမီတွန်နှင့် ချမ်းမြေ့တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ၂၇ရက်(တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်