နေပြည်တော် ဖေဖော်ဝါရီ ၂၃
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ နိုင်ငံကျော် တေးသံရှင်များ စုပေါင်းတင်ဆက်မည့် “ဆောင်းအမီ ချစ်သူဆီ” တေးဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၅ ရက်၊ (သောကြာနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို စန္ဒရားကွန်းဇော်တေးဂီတ အဖွဲ့၏ တီးခတ်မှုနှင့်အတူ နိုင်ငံကျော် တေးသံရှင်များဖြစ်ကြသည့် သန်းမြတ်စိုး၊ ကိုမြင့်အောင်၊ တက္ကသိုလ်လဲ့လဲ့၊ ကိုစန်းလွင်၊ အိအိချွန်၊ ဝိုင်းလမင်းအောင်၊ ကျော့ကေခိုင်၊ ရဲထိုက်၊ ဇင်သူဇာ ထွန်းနှင့် သီသီမာတို့က ဖျော်ဖြေ တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဖေဖော်ဝါရီ ၂၇ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်