နေပြည်တော် ဖေဖော်ဝါရီ ၉
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင် ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် စစ်ကြောင်း၊ တပ်ခွဲများ နေရာယူချိန်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ် တို့မှ ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အတွက် ဂုဏ်ပြုယာဉ်များ ချီတက်အလေးပြုခြင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အဖွဲ့အလိုက် ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့ကို အစီအစဉ်အလိုက် လေ့ကျင့်ဆောင်ရွက်ကြမှုအား ကြည့်ရှု၍ လိုအပ် သည်များမှာကြားသည်။
ထိုသို့ လေ့ကျင့်ဆောင်ရွက်နေမှုများကို (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်တကွ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဝင်များ၊ အခမ်းအနား ကျင်းပရေးဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများဖြစ်ကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများက ကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကြသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပနေမှု များကို ၂၀၂၂ ခုနှစ် ၊ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မှ စ၍ MRTV-HD၊ MRTV NRC၊ MWD ၊MWD VARIETY ၊5 Plus ၊ Readers Channel ၊ Skynet Up to Date နှင့် Skynet တိုင်းရင်းသား Channel ၊ မြန်မာ့အသံရေဒီယို အစီအစဉ် ၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM နှင့် ရွှေFM၊ သဇင် FM တို့တွင် တိုက်ရိုက် (LIVE) ရိုက်ကူးထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်