နေပြည်တော် ဒီဇင်ဘာ ၂၄
၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းရှိ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့တွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဦးစွာ ဒုတိယဝန်ကြီး သည် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ ကျင်းပလျက်ရှိသော (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသမီး) အသင်းနှင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (အမျိုးသမီး) အသင်း ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန (အမျိုးသမီး) အသင်း နှင့်အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာန(အမျိုးသမီး)အသင်း၊ ပြည်ထဲရေးဝန်ကြီးဌာန (အမျိုးသား) အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(အမျိုးသား) အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိသော အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။
အဆိုပါ အားကစားယှဉ်ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် ရပ်နားမည်ဖြစ်ကာ ဒီဇင်ဘာ ၂၆ ရက်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)၌ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲများနှင့် ဖူဆယ်အားကစားရုံ၌ ဖူဆယ် (အမျိုးသား) ပြိုင်ပွဲများကို ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)