နေပြည်တော် ဇွန် ၂၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာသိနားလည်မှုသင်တန်းကို ဇွန်လ ၂၃ ရက်မှစ၍ အွန်လိုင်းစနစ်ဖြင့် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း ၆၀ ဦးတို့အား တစ်ဖွဲ့လျှင်သင်တန်းသား ၃၀ ဦးစီဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်သည်။
သင်တန်းတွင် မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု၊ မီဒီယာနှင့် သတင်း အချက်အလက်ဆိုင်ရာသိနားလည်မှု မူဘောင်၊ သတင်းအချက်အလက် ဖရိုဖရဲဖြစ်မှုဆိုင်ရာများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အမုန်းစကားဆိုင်ရာများ၊ သတင်းအချက်အလက်များအား စစ်ဆေးခြင်းဆိုင်ရာ သင်ခန်းစာများကို သင်တန်းသား ၄၅၀ ဦးတို့အား သင်တန်း ရှစ်ကြိမ်ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
MOI