Skip to main content

၁၂-၆-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

(ယမန်နေ့မှအဆက်) သူရိယနေဝန်းမီဒီယာမှ သတင်း ထောက် ဦးဝေဖြိုးက ICRC ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံခရီးစဉ်သည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် နိုင်ငံတကာအဖွဲ့ အစည်း ခေါင်းဆောင် များ ပထမဆုံးခရီးလာရောက်ခြင်းဖြစ် သည့်အတွက် ပြည်တွင်း၊ ပြည်ပမှ စိတ်ဝင်စား လျက်ရှိကြောင်း၊ ၎င်းအနေ ဖြင့် အကျဉ်းထောင်များကိုသွားရောက် လေ့လာခြင်းနှင့် အကျဉ်းထောင်များမှဆောင်ရွက်သည့်လုပ်ငန်းများ ပြန်လည် စတင်ခြင်းများနှင့်ပတ်သက်၍ အစိုးရ၏ တုံ့ပြန်မှုကို သိလိုပါကြောင်း၊ ထို့ပြင် ICRC ဥက္ကဋ္ဌ၏ ခရီးစဉ်ရလဒ်ကိုလည်း သိချင်ပါကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်း က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ICRC ဥက္ကဋ္ဌသည် မြန်မာနိုင်ငံသို့ ယခုလ ၂ ရက်မှ ၄ ရက်အထိ လာရောက်ပြီး၃ ရက်နေ့တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ICRC ဥက္ကဋ္ဌ အနေနှင့် ယခုမြန်မာနိုင်ငံသို့လာရောက် ခြင်းသည် စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်တစ်ကြိမ်စီလာရောက် ပြီး သုံးကြိမ်လာရောက်ပြီးဖြစ်ကြောင်း၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် ခရီးစဉ်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအချိန် တွင် ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက် ပေးနေသည့် လူသားချင်းစာနာထောက် ထားမှု လုပ်ငန်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည့် လုပ်ငန်း များဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် မြန်မာနိုင်ငံအစိုးရ၏ ကိုဗစ် - ၁၉ တုံ့ပြန်ရေး လုပ်ငန်းများတွင် ICRC အနေနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးခဲ့ပါ ကြောင်း။ လူသားချင်းစာနာထောက်ထားမှု ထောက်ပံ့မှုပေးရန်အတွက် ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများနှင့် ICRC ပူးပေါင်းပြီး အကျဉ်းထောင်များတွင် လုပ်ငန်းများဆောင်ရွက် ခြင်းသည် အချိန်ကာလကြာမြင့်ပြီဖြစ်ကြောင်း၊ ယခုအခြေအနေမှာ ကိုဗစ်- ၁၉ ကပ်ရောဂါ မြန်မာနိုင်ငံကို စတင်ပြီး ရောက်ရှိသည့်အချိန်မှ အကျဉ်းထောင် များတွင် ကူးစက်ပြန့်ပွားမှု မဖြစ်စေ ရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် ထိုလုပ်ငန်းများကို ခေတ္တဆိုင်းငံ့ ထားခြင်းဖြစ်ကြောင်း၊ ကိုဗစ်- ၁၉ ရောဂါ အခြေအနေအပေါ်မူတည်၍ စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ကြောင်းပြန်လည်ဖြေကြားသည်။ သူရိယနေဝန်းမီဒီယာမှ သတင်း ထောက် ဦးဝေဖြိုးက စာသင်ကျောင်းများ တိုက်ခိုက်ခံရခြင်း၊ ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်းများနှင့် ပတ်သက်၍ UNICEF Myanmar ရုံး၏ ထုတ်ပြန်ချက်များအပေါ် ပြန်လည်ထုတ်ပြန်ရေး အချက်အလက် များကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက UNICEF မှ ယခုလပိုင်းအတွင်း မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထုတ်ထားသည့်စာသုံးစောင် ရှိပြီဟု သတိပြုမိပါကြောင်း၊ UNICEF Myanmar ရုံး၏ သတင်းထုတ်ပြန်ချက်မှာ စာသင်ကျောင်း၊ ပညာရေးအဆောက် အအုံများ တိုက်ခိုက်ခံရခြင်း၊ ပညာရေး အဆောက်အအုံများကို တပ်မတော်မှ အသုံးပြုသည်ဆိုသည့် ပုံစံမျိုး ထင်ယောင် ထင်မှားဖြစ်အောင် ကိန်းဂဏန်းတချို့နှင့် ရေးသားဖော်ပြထားသည်များ တွေ့ရ ကြောင်း NLD, NUG, PDF ထောက်ခံသူအချို့သည် ပညာရေး ဝန်ထမ်းများအပါအဝင်၊ နိုင်ငံ့ဝန်ထမ်း များ အလုပ်မလုပ်ရေးနှင့်အစိုးရကိစ္စအချို့တွင် ယခုလို စာသင်ကျောင်းများ၊ ပညာရေး အဆောက်အအုံများ၊ ရုံးများကို ဗုံးခွဲခြင်း၊ မီးရှို့ခြင်း၊ လူသတ်ခြင်းတို့အထိ ကျူးလွန်လှုံ့ဆော် နေသည်မှာ သိသာထင်ရှားပါကြောင်း။ ဗီဒီယိုဖိုင်များနှင့် ယခု လက်တွေ့ လုပ်သည့်သူများကိုလည်း ပြုပြီးဖြစ် ကြောင်း NLD ပါတီဝင်များ၏ လှုံ့ဆော်မှုများ၊ ၎င်းတို့၏အကြမ်းဖက်မှုများ၊ လှုံ့ဆော်မှုများကြောင့် ဘာတွေလုပ်ခဲ့ သည်ဆိုသည်များကို ဇယားဖြင့်လည်း ပြသထားပါကြောင်း၊ ထိုအကြမ်းဖက် လုပ်ရပ်များကို ကာကွယ်ရန်အတွက် တပ်ဖွဲ့ဝင်အချို့သည် လုံခြုံရေးဝင်ရောက် ဆောင်ရွက်ပေး နေရသည်များရှိကြောင်း၊ UNICEF ၏ ထုတ်ပြန်ချက်ထဲတွင် ကျူးလွန်သည့်သူကို ကွဲကွဲပြားပြား ဖော်ပြမထားခြင်းကြောင့် အထင်အမြင်လွဲမှားစေနိုင်ပါကြောင်း၊ ကိုဗစ် - ၁၉ ကာကွယ်ရေးအစီအစဉ်များနှင့် ပြန်လည် ဖွင့်လှစ်သည့် စာသင်ကျောင်းများတွင် ကလေးများ ကျောင်းတက်နေကြပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ကြောင့်ကလေးများ၏ စာသင်နှစ်တစ်နှစ် နစ်နာပြီးဖြစ်ကြောင်း၊ ပြည့်စုံသည့် ကလေးများအတွက် အခြားနည်း လမ်းများနှင့် ပညာရေးကို ရယူနိုင်သော်လည်း အခြေခံလူတန်းစား မိသားစုများအတွက် စာသင်ကျောင်းများ ပြန်ဖွင့်ရန် လိုသည်ကို မိဘများ၊ ဆရာများနှင့် ကျောင်းသူ၊ ကျောင်းသားများမှ သဘောပေါက် နားလည်ကြပါကြောင်း။ ကုလသမဂ္ဂအဖွဲ့အစည်းများအနေနှင့် အများပြည်သူကို သတင်းမထုတ်ပြန်မီ သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းကိုစိစစ်၊ မျှတအောင်ဖော်ပြရမည်ဖြစ်ကြောင်း၊ UNICEF မှကြိုတင်အသိပေးခြင်းများ၊ စိစစ်ဆောင်ရွက်ခြင်းများ မရှိသည့် အတွက် တစ်ဖက် သတ်ဆန်သည့် ထုတ်ပြန်ချက်မျိုး ဖြစ်ပေါ်ခဲ့ပါကြောင်း၊ UNICEF အနေဖြင့် သတင်းအချက် အလက်များစိစစ်ရန်၊ ပညာရှင်ပီသရန်နှင့် ဘက်မလိုက်ရန်တို့အတွက် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှလည်း UNICEF ကို စာပို့ ထားပါကြောင်း၊ ထို့ပြင် မေလ ၁၁ ရက် နေ့တွင် UNICEF မှ မင်းတပ်ကိစ္စနှင့် ပတ်သက်၍ ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါကြောင်း၊ ထိုကြေညာချက်ထဲ တွင် မင်းတပ်မှာ ရေဖြတ်ခံရခြင်းကြောင့် ကလေးများ၊ မိခင်များအတွက် စိုးရိမ်ရပါ သည်ဆို သည်များကို တွေ့ပါကြောင်း၊ မင်းတပ်မှာ ယခုလ ၁ ရက်နေ့မှ ယနေ့အထိ ရေဖြတ် ထားခြင်း မရှိပါကြောင်း၊ ထိုနေရာတွင် တပ်မတော်မှ တာဝန်ရှိသူတစ်ဦးလည်း ရှိပါကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်သည့်အချိန်တွင် PDF အမည်ခံ အကြမ်းဖက်များသည် မြို့၏ ရေလိုင်း များကို ဓားနှင့်ခုတ်၊ ပေါက်တူးနှင့် တူးဖြတ်ခြင်းများကိုလည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြုပြင်ပေးခဲ့ရကြောင်း။ မင်းတပ် EPC ရုံးတစ်ဝိုက် လုံခြုံရေး လုပ်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်မီးဖြတ်ရန် လုပ်ခဲ့ခြင်းမှာလည်း PDF အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များ သာဖြစ်ပါကြောင်း၊ UNICEF အဖွဲ့အနေ ဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စာသင် ကျောင်းများကို လုံခြုံရေးမလုပ်ပေးလျှင် ဒီမိုကရေစီအမည်ခံ အကြမ်းဖက်သမား များသည် စာသင်ကျောင်းများ၊ ကျောင်း သူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမများ ကို မနှောင့်ယှက်ပါ၊ အကြမ်းမဖက်ပါဟု အာမခံပါသလား။ လက်တွေ့တွင် ယနေ့ အထိ ကျောင်းများတွင် မိုင်းခွဲခြင်း၊ မီးရှို့ ခြင်းများဖြစ်နေသည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ယခုလည်း မည်သူများကလုပ်နေ သည်ဆိုသည်ကို သက်သေအထောက် အထား စုံစုံလင်လင်ဖြင့် ပြသပြီးဖြစ် ကြောင်း။ အကြမ်းဖက် လုပ်ရပ်များကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတစ်ခု ဖြစ်သည့် UNICEF အဖွဲ့မှ နှုတ်ဆိတ် နေကြောင်း၊ နှုတ်ပိတ် မသိချင်ယောင် ဆောင်နေကြောင်း၊ ကျောင်းများ၊ ကလေး များ၊ ဆရာ၊ ဆရာမများ နှောင့်ယှက်ခံ ရခြင်းများသည် ၎င်းတို့၏ လိုတစ်မျိုး၊ မလိုတစ်မျိုး မူဝါဒကြောင့်လည်းပါသည် ဟု ပြောလိုကြောင်း၊ ယင်းမူဝါဒကြောင့် အကြမ်းဖက်များသည် အတင့်ရဲလာခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ၏ ပဋိညာဉ် စာတမ်း၏ စာပိုဒ် ၇ တွင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း စီရင်ပိုင်ခွင့်အာဏာအတွင်း ၌ သက်ရောက်နေသည့်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အခွင့်အာဏာ မရှိစေရဟု ပြဋ္ဌာန်းထားခြင်းရှိပါကြောင်း၊ ထိုအချက်များကို ဂရုပြုရန်လိုပါကြောင်း၊UNICEF အဖွဲ့ အနေနှင့် ကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာအဖွဲ့အစည်းပီပီ ကျင့်ဝတ် သိက္ခာများကို လိုက်နာသင့်သည်ဟု ပြောလိုပါကြောင်း၊ သိက္ခာမဲ့သည့်လုပ်ရပ် များ မမြင်ပါရစေနဲ့ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။ 97 Media မှ သတင်းထောက်ချုပ် ဦးနန္ဒလင်း(ထားဝယ်)က ပထမဦးစွာ release flights များနှင့် ပတ်သတ်သည့်ကိစ္စကို သိလိုကြောင်း၊ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီအနေနှင့် ပြည်ပ နိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများကို ကယ်ဆယ် ရေး လေယာဉ်များနှင့် ပြန်လည်ခေါ်ဆောင်ပေးနေသည်ကို သိရှိရပါကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ လက်ရှိဆောင် ရွက်ပေးနေမှု အခြေအနေကိုဖြေကြားပေး စေလိုကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် release flight op: 88620p@gosau: လျက်ရှိကြောင်း၊ ထိုသို့ စီမံဆောင်ရွက် ပေးသည့်နေရာတွင် သတင်းထုတ်ပြန် ထားသည်များလည်း ရှိကြောင်း၊ ယခု နောက်ပိုင်း ဆောင်ရွက်ပေးနေသည့် အစ္စရေးမှတစ်ဆင့် ဂျော်ဒန်တွင်သွားလုပ် နေသည့်အဖွဲ့များကို ခေါ်ဆောင်ပေး သည့်ကိစ္စများရှိပါကြောင်း၊ ကျန်သည့် နိုင်ငံများမှလည်း ခေါ်ဆောင်ပေးသည့် ကိစ္စများရှိပါကြောင်း၊ ယခင်အပတ်တွင် အိန္ဒိယမှ စီစဉ်ဆောင်ရွက်ပေးသည့် ကိစ္စများရှိပါကြောင်း၊ ထိုကိစ္စများနှင့် ပတ်သက်၍ မိမိတွင်ရှိပြီးဖြစ်သည့် စာရင်းဇယားများကို ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ 97 Media မှ သတင်းထောက်ချုပ် ဦးနန္ဒလင်း (ထားဝယ်)က ပြည်ပမှ မြန်မာ နိုင်ငံသားတော်တော်များများသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် တွင် ပြန်လည်ခေါ်ထားသည့်အတွက် ရောက်လာကြပြီဖြစ်ကြောင်း၊ ပြန်လည် ရောက်ရှိလာသည့် နိုင်ငံသားများစာရင်း ကို သတင်းထုတ်ပြန်သော်လည်း မပေါ် လွင်ဖြစ်နေကြောင်း၊ ဒုတိယမေးခွန်း အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျေးလက်နေ ပြည်သူ များ၏ ဘဝတိုးတက်စေရေးအတွက် ဟုဆိုကာ မြစိမ်းရောင် စီမံချက်ကို ဆောင်ရွက်ပေးနေကြောင်း၊ နေပြည်တော် ၌ ဇွန် ၄ ရက်တွင် ဒက္ခိဏသီရိမြို့နယ် ၌ ၅၁၁ သိန်းကို ချေးပေးခဲ့ကြောင်း၊တောင်သူဦးကြီးများ၏ ဘဝအတွက် တိုးတက်အောင် ဆောင်ရွက် နေသည့် မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်မှုအခြေအနေကို ဖြေကြား ပေးစေလိုကြောင်း မေးမြန်း သည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက မြစိမ်း ရောင်စီမံကိန်း ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၁ ရက် ရန်ပုံငွေလည်ပတ်မှု အခြေအနေမှာ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်သူ အိမ်ထောင်စု ခြောက်သိန်းကျော်အတွက် ငွေကျပ်သန်းပေါင်း နှစ်သိန်းသုံးသောင်းကျော်၊ မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း တစ်သိန်းတစ်သောင်းကျော်၊ ကုန်ထုတ်လုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း သုံးထောင်ကျော်ကို အရင်းမပျောက် မတည်ငွေ၊ လည်ပတ် ရန်ပုံငွေ ထူထောင်ပေးခြင်း၊ မိသားစုများ အတွက် လိုအပ်သည့် ငွေကြေးအရင်း အနှီးနှင့် ကျေးရွာကောင်စီများသဘောတူ ဆုံးဖြတ်သည့် အတိုးနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းထိ သတ်မှတ် ထုတ်ချေး ပေးလျက်ရှိသည်ကို သိရကြောင်း၊ ယခု ၂၀၂၀ -၂၀၂၁ ဘဏ္ဍာ ရေးနှစ်အထိ နိုင်ငံတော်ရန်ပုံငွေမှ ကျေးရွာတစ်ရွာအတွက် ငွေကျပ်သန်း ၃၀ နှုန်းဖြင့် စုစုပေါင်း ၁၉၈ ဒသမ ၁၁ ဘီလီယံအသုံးပြုလျက်ရှိပြီး ကျေးရွာ လေးရွာ ယူနစ်ဆောင်ရွက်လျက်ရှိရာ တွင် စုစုပေါင်းကျေးရွာ ယူနစ် ၉၉၃၇၊ အသုံးပြုကျေးရွာ ၁၂၀၈၅ ရွာနှင့် စီမံကိန်း လုံခြုံမှုရာခိုင်နှုန်း ၁၉ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ဧပြီလ အထိ မြို့နယ် ၂၅၀ မြို့နယ်၊ ကျေးရွာ ၂၃၉၈ ရွာတို့နှင့် စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းမှ ငွေကျပ် ၁၉ ဒသမ ၄ ဘီလီ ယံ၊ ပြည်သူထည့်ဝင်ငွေ ၁၀ ဒသမ ၅ ဘီလီယံပေါင်း၂၉ ဒသမ ၉ ဘီလီယံနှင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြစ်သည့် လမ်း၊ တံတား ၁၄၄၇ ခု၊ ရေရရှိရေး ၁၆၅ ခု၊ မီးလင်းရေး ၇၇၁ ခု၊ ပညာရေး ၁၂၃ ခု၊ စာကြည့်တိုက် ၁၁ ခု၊ ကျန်းမာရေး ၉ ခု၊ ခန်းမဆောင် ၁၅၃ ခု၊ အခြား ၁၄၄ ခု စုစုပေါင်း ၂၈၂၃ခုအကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊မြစိမ်းရောင်စီမံကိန်း ၂၀ စိုက်ပျိုးရေးလုပ်ငန်းဆောင် သန်းပေါင်း နှစ်သိန်းသုံး တစ်သိန်းတစ်သောင်းကျော်ကျော်ကို အရင်းမပျောက် အတွက် လိုအပ်သည့် ငွေ သည့် အတိုးနှုန်း ဝ ဒသမ ပေးလျက်ရှိတင်ပြချက်များအရ ဆက်လက်ပြီးဆောင်ရွက်သွားမည်ဟု သိရှိရကြောင်း ပြန်လည်ဖြေကြားသည်။ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ပြီးခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ ၅ ကြိမ်မြောက်တွင် ပြည်သူ များကိုထောက်ပံ့ရန် တောင်းထားသည့်ငွေကြေးရှိခဲ့ကြောင်း၊ ထိုတောင်းထား သည့်ငွေနှင့်ပတ်သက်၍ ထိုအချိန်က လာဘ်စားမှုများရှိခဲ့ကြောင်း၊ ထိုကိစ္စ များကို အရေးယူပေးနိုင်ရန်မေးထားသည် များရှိကြောင်း၊ Covid Centre များ မြို့နယ်တချို့မှာ ပြန်ပြီးလုပ်နေသည် များရှိကြောင်း၊ ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင်လုပ်ခဲ့သည့် Covid Centre များတွင် အဂတိမှုများရှိခဲ့သည်ကိုလည်း အလားတူ ပြောလာသည် များလည်း ရှိကြောင်း၊ လက်ရှိအချိန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေ ဖြင့် အချမ်းသာဆုံးသည် မြေယာများ ဖြစ်ကြောင်း၊ ပြည်သူများမှာ နေထိုင်ရန် အတွက် အခက်အခဲများရှိနေကြောင်း၊ သို့ဖြစ်၍ အငှားအိမ်ရာဖော်ဆောင်ပေးရန်အတွက် လက်ရှိလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီတွင်အဖွဲ့ဝင် ဖြစ်နေသည့် ဆရာဦးသိန်းညွန့် ဆိုလျှင် ပထမအကြိမ် ပြည်သူ့ လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ခြင်း အောင်မြင်ထားမှု ရှိကြောင်း၊ ထိုသို့တင်သွင်းရာတွင် ယူနစ် ၃ သန်းခန့် တင်သွင်းခဲ့ရာ ယူနစ် ၁ သန်းကို ခွင့်ပြုခဲ့ကြောင်း၊ ယင်းကိစ္စသည် အငှားအိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာများ နှင့် ပတ်သက်၍ဖြစ်ကြောင်း၊ သို့သော် ထိုကိစ္စသည် ယခုအချိန်အထိ ထင်သလောက် အကောင်အထည်ဖော်ခဲ့ ခြင်းများ မမြင်ရကြောင်း၊ ယင်းကိစ္စကို မြေ၊ ယာ ချမ်းသာနေသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အနေနှင့် အကောင်အထည် ဖော်ပေးနိုင်မည်ဆိုလျှင် ကျူးကျော်ကိစ္စများလည်း ပပျောက်နိုင် သလို၊ အိမ်ငှားနေနေရသည့် ပြည်သူများ အတွက်လည်း တော်တော်ကိုအဆင်ပြေလာမည်ဖြစ်ကြောင်း၊ ယခုတစ်ကြိမ်တွင် မိမိသည် အငှားအိမ်ရာတောင်းဆိုခြင်း ဖြစ်ကြောင်း၊ မိမိ၏မေးခွန်းသည် ဒီမို ကရေစီခေတ် ကာလတွင် Travel Pipe Meeting ဆိုပြီး အလုပ်ရှင်၊ သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ အတွက် အစည်းအဝေးများလုပ်ခဲ့ခြင်းများ ရှိကြောင်း၊ ပြီးခဲ့သည့် NLD အစိုးရလက်ထက်တွင် စီးပွားရေးကျဆင်းခြင်း၊ ကိုဗစ်ဖြစ်ပွားခြင်း တို့ကြောင့် ထိုကိစ္စကို အကောင်အထည်မဖော်နိုင်၊ မလုပ်နိုင်ခဲ့ သည်မှာယခုဆိုလျှင် ၄ နှစ်ထဲရောက်ပြီဖြစ် ကြောင်း၊ ထိုကိစ္စကို ဗိုလ်ချုပ်တို့အနေနှင့် ပြန်ပြီးလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိချင်ကြောင်း မေးမြန်းသည်။ ။ ဗိုလ်ချုပ် ဇော်မင်းထွန်းက အလုပ် သမားလုပ်ခလစာကို ဥပဒေအရ ၂ နှစ် ( တစ်ကြိမ် Review ပြန်လုပ်ရမည်ဖြစ်သော်လည်း သိရသလောက်အလုပ်သမားနှင့် အလုပ်ရှင်ကြားတွင်ဖြစ်ဖြစ်၊ အစိုးရနှင့် အလုပ်ရှင်ကြားတွင်ဖြစ်ဖြစ်၊ အစိုးရနှင့် အလုပ်သမားကြားတွင်ဖြစ်ဖြစ် နားလည်မှု လွဲနေခြင်းသည် ၂ နှစ်တစ်ကြိမ် လုပ်ခလစာတိုးပေးရမည်ဟု နားလည် မှုလွဲနေမှုများရှိကြောင်း၊ ထိုကိစ္စသည် မဟုတ်ပါကြောင်း၊ ၂ နှစ်တစ်ကြိမ် ကိုက်ညီမှုရှိ၊ မရှိ Review ပြန်လုပ်ရခြင်း ဖြစ်ကြောင်း၊ အလုပ်သမားကိစ္စများနှင့် ပတ်သက်၍ တတ်နိုင်သမျှ ဆောင်ရွက်လျက် ရှိပါကြောင်း၊ Review ပြန်လုပ်သည့် ကိစ္စသည်လည်း ဥပဒေအကြောင်းအရာ အရသော် လည်းကောင်း၊ အလုပ်သမား အဖွဲ့များပါ ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ယင်းကိစ္စများကို ကိုက်ညီ သည့်အချိန် ပြန်လည်လုပ်ဆောင်ပေး နိုင်လိမ့်မည်ဟု ပြောလိုပါကြောင်း ပြန်လည်ဖြေကြားသည်။ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက ယနေ့ အရှေ့ပိုင်းတွင် ပြုလုပ် ခဲ့သည့် ဆွေးနွေးပွဲ၏ ပြသခဲ့သည့်ပြကွက် များအရ အကြမ်းဖက်ဖြစ်စဉ်များ တော်တော်လေးဆိုးရွားခဲ့ခြင်းကို တွေ့ရ ကြောင်း၊ ထိုကဲ့သို့ဖြစ်ပေါ်ခဲ့သည့် အကြမ်း ဖက်ဖြစ်စဉ်များ၊ နောင်ဖြစ်လာမည့် အကြမ်းဖက်ဖြစ်စဉ်များသည် လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး အကောင် အထည်ဖော်မှုကို မည်မျှအထိ သက်ရောက်မှုရှိသည်နှင့် ယင်းအတွက် မည်သို့ပြင်ဆင်ထား သည်ကို သိချင်ကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက အကြမ်း ဖက်ကိစ္စနှင့်ပတ်သက်၍ ယခုအချိန် ် ပြည်သူများသိရခြင်းသည် သတင်းထောက်ကြီး ရန်ကုန်မှာနေပါက ရန်ကုန် အကြောင်း သိကြောင်း၊ နေပြည်တော် အကြောင်းကို သတင်းပေါ်ကကြားရ မည်ဖြစ်ကြောင်း၊ မိမိ နေပြည်တော်မှာနေလျှင် နေပြည်တော်အကြောင်းသာသိပြီး ရန်ကုန်အကြောင်း သိမည် မဟုတ်ကြောင်း၊ နေပြည်တော်အကြောင်း သိသည်ဆိုခြင်းသည် နေပြည်တော်နေရာ အားလုံးကို မိမိလက်တွေ့ မသိကြောင်း၊ သတင်းများအရသာ သိရကြောင်း၊ သတင်းများဖြစ်ပေါ် ရသည့်ပုံစံကိုအကြမ်း ဖျင်းရှင်းပြမည် ဖြစ်ကြောင်း။ နံပါတ်တစ် ပထမဦးဆုံး ဆန္ဒပြမှု များဖြစ်ကြကြောင်း၊ ဆန္ဒပြမှုများဖြစ်ပြီးနောက်ပိုင်း ဆူပူ ဆန္ဒပြမှုအသွင်ကို ကူးပြောင်းလာကြောင်း၊ ဆူပူဆန္ဒပြမှု အသွင်ကို ကူးပြောင်းပြီး နောက်ပိုင်း ထိုကိစ္စများနှင့် မရှေးမနှောင်းတွင် မိမိပြခဲ့ သည့် ဗီဒီယိုဖိုင်ထဲတွင် တွေ့ရမည်ဖြစ်ပြီး တိုင်းရင်း သား လက်နက်ကိုင်များထံတွင် သင်တန်းသွားတက်သည့် သူများသည် မတ်လလောက်တွင် သင်တန်းစတက်ပြီး အချို့လည်း မတ်လလောက်ကတည်းက သင်တန်းပြန်ဆင်းလာပြီ ဖြစ်ကြောင်း၊ ထိုအချိန်ကတည်းက ဖောက်ခွဲဖျက်ဆီး မှုများရှိကြောင်း၊ မိမိတို့ စာရင်းဇယားနှင့် ပြသည့်အခါ ဖောက်ခွဲဖျက်ဆီးမှုများသည် သတင်းအရ တော်တော်များများ မသိကြ ကြောင်း၊ မည်သည့်အတွက်ကြောင့် မသိကြသလဲဆိုခြင်းသည် ထိုအချိန် ၎င်းတို့ လုပ်ချင်နေသည်မှာ ဆန္ဒပြမှုများ ကို အေးအေးချမ်းချမ်းနှင့် လုပ်နေခြင်း ဖြစ်ကြောင်းကို ပြချင်သည့်အတွက် ဖောက်ခွဲဖျက်ဆီးမှုများကို မလွှင့်ကြ ကြောင်း။ မတ်လနှင့် ဧပြီလများတွင် တစ်နေ့ တစ်နေ့ မြန်မာနိုင်ငံအတွင်း ဖောက်ခွဲ ဖျက်ဆီးမှု အောင်မြင်သည်များလည်း ရှိကြောင်း၊ မအောင်မြင်သည်များလည်းရှိကြောင်း၊ ပေါက်ကွဲမှုပေါင်း ပျမ်းမျှ တစ်နေ့ကို ၁၀ ကြိမ် နှင့် ၁၅ ကြိမ်အထက် ရှိပြီး သတင်းမဖော်ပြကြောင်း၊ ယခု နောက်ပိုင်းတွင် တစ်နိုင်ငံလုံး မငြိမ်မသက် ဖြစ်နေသည်ကို ပြသလိုခြင်းကြောင့် သတ်ဖြတ်မှုများရှိခြင်း၊ မိုင်းထောင်မိုင်းကွဲ ခြင်းများရှိကြောင်း၊ အရေအတွက်အနေ ဖြင့် ပျမ်းမျှမေလ၏ နောက်ဆုံးအပတ်နှင့် ဇွန်လအတွင်း ပေါက်ကွဲမှု ပျမ်းမျှအကြိမ် ရေထက် မတ်လနှင့် ဧပြီလအတွင်း ပေါက်ကွဲမှု ပျမ်းမျှအကြိမ်ရေက များစွာ လျော့နည်းကြောင်း။ သို့သော် အဘယ်ကြောင့် ဖော်ပြရ သလဲဆိုလျှင် တစ်နိုင်ငံလုံး မငြိမ်မသက် ဖြစ်နေခြင်းကို ဖော်ပြလိုသောကြောင့်ဖော်ပြခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲပျက်စီး မှုများသည် ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး မထိခိုက်အောင် ယခု သတိပေးခြင်းဖြစ်ကြောင်း၊ ယနေ့သတင်း စာရှင်းလင်းပွဲတွင် ပုံများဖြင့် ပြသခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းပေးနေသည့် နေရာအတိအကျ ဖြင့်ပြခဲ့ကြောင်း၊ မည်သည့်နေရာတွင် သင်တန်းတက်ခဲ့သည် များကိုလည်း တက်ခဲ့သူများဖြင့် အတိအကျ ပြောခဲ့ပြီး ဖြစ်ကြောင်း၊ အဆိုပါကိစ္စများ ပြောဆို နေခြင်းသည် NCA ကိုလိုက်နာနိုင်အောင်၊ ငြိမ်းချမ်းရေးအတွက် အနှောင့်အယှက် မဖြစ်နိုင်အောင် ပြောနေခြင်းဖြစ်ကြောင်း၊ EAO အဖွဲ့ အကုန်လုံး ပါဝင်ခြင်းမဟုတ်ဘဲ တပ်မဟာတချို့၊ တပ်ရင်းတချို့ကလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်ရင်းတချို့၊ တပ်မဟာ တချို့က သင်ပေးလိုက်သည့် တပည့်များ သည် မိမိနိုင်ငံ၏ရပ်ကွက်၊ မြို့များက စာသင်ကျောင်းများကို ဗုံးခွဲနေခြင်း၊ အများပြည်သူနှင့် သက်ဆိုင် သည့်နေရာ များကို ဗုံးခွဲနေခြင်းဖြစ်ကြောင်းကို အသိပေးလိုက်ခြင်းဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက သဘာဝဘေးအန္တရာယ် နှင့်ပတ်သက်ပြီး မေးမြန်းလိုကြောင်း၊ မိုးတွင်းကာလ ရောက်လာပြီဆိုလျှင် နှစ်စဉ် မြန်မာနိုင်ငံတွင် သဘာဝဘေး အန္တရာယ်ဖြစ်ပွားသည့် ဒေသများရှိကြောင်း၊ ယခုလို အကြမ်းဖက်မှုများ၊ မတည်မငြိမ်မှုများ ဖြစ်နေသည့်ကာလ တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ် လာခဲ့လျှင် ယခင်ကာလများအတိုင်း ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ကိုင် နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် အစီအစဉ်များ ဆွဲထားခြင်း ရှိ/ မရှိကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက သဘာဝ ဘေးဒဏ် ကူညီကယ်ဆယ်ရေးလုပ်ငန်း နှင့်ပတ်သက်ပြီး အဓိကဆောင်ရွက်နေ ခြင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ သို့သော် တပ်မတော်အနေဖြင့် ယခင် အစိုးရအဆက်ဆက် လက်ထက်ကတည်း က သဘာဝဘေးအန္တရာယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် အင်တိုက် အားတိုက်ပါဝင် ဆောင်ရွက်ခဲ့ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ ကြောင်း၊ ယခုအချိန်တွင် သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သဘာဝဘေးအန္တရာယ် ကျရောက်လာ လျှင် မည်သည့်အမိန့်မှ စောင့်ဆိုင်းစရာ မလိုဘဲ အမြန်ဆုံးသွားရောက်ကူညီရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ကူညီ ကယ်ဆယ်ရေး ပစ္စည်းများကိုတိုင်းစစ်ဌာန ချုပ်အလိုက်၊ သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် နေရာ၊ တပ်ရင်း တပ်ဖွဲ့များအလိုက် ကယ်ဆယ်ရေး ပစ္စည်းများကို ဖြန့်ခွဲထားပြီးဖြစ်ကြောင်း၊ ဖိုက်ဘာလှေ၊ ဖိုက်ဘာလုံးများ၊ စားနပ် ရိက္ခာများကို လိုအပ်သည့်နေရာများသို့ ပို့ဆောင် ထားပြီးဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် အဆိုပါ အရင်းအမြစ်များကို အသုံးပြု ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိအချိန်တွင် ကုန်ဈေး နှုန်းက မြင့်လာကြောင်း၊ အခြေခံစားကုန်များမြင့်လာခြင်းမဟုတ်ဘဲ အဘက်ဘက်က ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ် နေကြောင်း၊ ထိုကုန်ဈေးနှုန်းများကို ပြန်ပြီး ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြန်ပြီးကျဆင်းရန်အတွက် မည်ကဲ့သို့ ဆောင်ရွက် သွား မည်ကို သိလိုကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပထမ ဆုံးဆောင်ရွက်နေခြင်းမှာ နိုင်ငံဝင်ငွေ ထွက်ငွေ ညီမျှအောင် ဆောင်ရွက်နေကြောင်း၊ အခြေခံစားကုန်များ ကုန်ဈေး နှုန်းကျဆင်းနိုင်ရေးသည် သယ်ယူ ပို့ဆောင်ရေးကိစ္စ၊ စက်သုံးဆီဈေးနှုန်းနှင့် သက်ဆိုင်ကြောင်း၊ စက်သုံးဆီဈေးနှုန်း မြင့်လာခြင်းကို ထိန်းချုပ်၍မရကြောင်း၊ ထိန်းချုပ်၍ ရနိုင်သည့်အရာမှာ အခြေခံ စားကုန်များကို စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိရေးကို ဆောင်ရွက် ၍ရပြီး အဆိုပါလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည် ဖြေကြားသည်။ မြန်မာသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် ပုဒ်မ၅၀၅(ခ)ဖြင့် မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရပါကြောင်း၊ ၎င်းပုဂ္ဂိုလ်သည် သွေးကင်ဆာ ရောဂါခံစားခဲ့ရပြီး နိုင်ငံခြားတွင် သုံးလ ဆေးသွင်းခဲ့ရပါကြောင်း၊ ထောင်ထဲတွင် ၎င်း၏ကျန်းမာရေးစောင့် ရှောက်မှုနှင့် ၎င်းပုဂ္ဂိုလ်အသုံးပြုလျက်ရှိသော ဆေးဝါး များကို တင်သွင်းမှုရမရသိချင်ပါကြောင်း မေးမြန်းသည်။ ဗိုလ်ချုပ် ဇော်မင်းထွန်းက မန္တလေး ဗဟိုအကျဉ်းထောင်တွင် ထိန်းသိမ်းထား ရှိသည့် ဒေါက်တာ ဇော်မြင့်မောင်၏ လတ်တလော ကျန်းမာရေးအခြေအနေ သည် သွေးကင်ဆာ၊ ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါ များရှိနေခြင်းကို သိရှိရပါကြောင်း၊ ပြင်ပ ကတည်းက ရောဂါခံစားခဲ့ရခြင်းဖြစ်ပါကြောင်း၊ အကျဉ်းထောင်တွင် ကျန်းမာ ရေး ဆက်လက်ကုသခွင့် ပေးထားပါကြောင်း၊ သွေးကင်ဆာအတွက် ဆေးကို တစ်လနှစ်ကြိမ် ထိုးပေးပါကြောင်း၊ တစ်လကိုတစ်ကြိမ် သွေးစစ်ပေးခြင်းနှင့် ပြင်ပမှ အထူးကုဆရာဝန်များ၏ လမ်းညွှန်မှုနှင့် အကျဉ်းထောင်တွင် ကုသပေးလျက်ရှိကြောင်း၊ နေ့စဉ်ပုံမှန် တစ်ရက်တစ်ကြိမ် အကျဉ်းထောင် အတွင်းမှ ဆေးရုံအုပ်ကြီးကလည်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ဒေါက်တာ ဇော်မြင့်မောင်၏ ကျန်းမာရေး ဆေးကုသမှုအနေဖြင့် အကျဉ်းထောင်မှ ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီကျန်းမာ ရေးကောင်းမွန်အောင် ဆောင်ရွက်ပေး ထားပြီး ကျန်းမာရေးကောင်းမွန်မှုရှိကြောင်း၊ ဆောင်ရွက်သည့်နေရာတွင် ၊ မည်သည့်အကျဉ်းသား၊ အချုပ်သားကိုမှ ခွဲခြားမထားဘဲ ရသင့်ရထိုက်သောအခွင့် အရေးများကို အကျဉ်းထောင် ဥပဒေ ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးထားပါကြောင်း ပြန်လည်ဖြေကြား သည်။ မြန်မာသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ overtime ဆင်းသောဆရာဝန်များကို ညကြေး ခံစား ခွင့်ပေးပါကြောင်း၊ အခြားဝန်ကြီးဌာနများ အနေဖြင့် (ဥပမာ-ပြန်ကြားရေးဝန်ကြီး ဌာန သတင်းစာရိုက်နှိပ်ရသောဌာနအနေဖြင့် ညတာဝန်ထမ်းဆောင်ရသော ဝန်ထမ်းများရှိကြောင်း)၊ အခြားဝန်ကြီး ဌာနများအနေဖြင့်လည်း ညကြေးခံစားခွင့် ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ သိလိုပါ ကြောင်း မေးမြန်းသည်။ ။ ဗိုလ်ချုပ် ဇော်မင်းထွန်းက မိမိနှင့် သက်ဆိုင်သော ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် မရှိပါကြောင်း၊ သတင်းစာရိုက် နှိပ်ထုတ်ဝေသောလုပ်ငန်းသည် ညပိုင်း တွင် ပြုလုပ်ရသော လုပ်ငန်းတာဝန်ဖြစ် သောကြောင့် လုပ်ငန်းစဉ်အတိုင်းသာ ပြုလုပ်နေကြောင်း၊ အခြား ဝန်ကြီးဌာန များအနေဖြင့်လည်း မိမိမေးမြန်းပြီးမှသာ ပြန်လည်ဖြေကြားနိုင် မည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။ မြန်မာသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးကိုကိုကြီးက မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်အနီး လှည့်ကင်းဆောင်ရွက်နေသော မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ရဲနှစ်ဦးကို (4wheel) မော်တော်ယာဉ်ဖြင့် တိုက်၍ ထွက်ပြေး သွားပါကြောင်း၊ ကားပေါ်တွင်ပါလာသော လူခုနစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခြင်းကြောင့် ရဲနှစ်ဦး ကျဆုံးခဲ့ရပါကြောင်း၊ ဆက်စပ်တရားခံ များ၏ နေအိမ်များအား လိုက်လံရှာဖွေခဲ့ရာ M-16 အလက် ၂၀ ရှာဖွေတွေ့ရှိခဲ့သည်ကို သိရှိရပါကြောင်း၊ ၎င်းအကြမ်းဖက် အဖွဲ့ အစည်းသည် ဘယ်ကလာသည်နှင့် မည်သည့်သင်တန်း ဆင်းများဖြစ်သည်ကို မသိရှိရပါကြောင်း၊ ဖမ်းဆီးရရှိမှု ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းသည်။ ။ ဗိုလ်ချုပ် ဇော်မင်းထွန်းက ၎င်းအဖွဲ့ အစည်းနှင့် ဆက်စပ်သည့် လက်နက် ပစ္စည်းများ သိမ်းဆည်းရရှိမှု ရှိပါကြောင်း၊ သေတ္တာနှစ်လုံး သိမ်းဆည်းရရှိခဲ့ကာ ၎င်းအဖွဲ့အစည်းကို စုံစမ်းနေပြီး သတင်း ( အဆက်အစပ် ရရှိနေပြီဖြစ်ကြောင်း၊ မကြာခင်သိရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ video file တွင် ပြသခဲ့သည့်အတိုင်း တမူးဘက်မှ လက်နက်လာသယ်သွားသူ များရှိကြောင်း၊ ၎င်းတို့နှင့်အဆက်အစပ် ရှိသူများဖြစ်ကြောင်း၊ ဝင်လာသည့် လမ်းကြောင်းလည်း အတူတူဖြစ်ကြောင်း၊ ရောင်းပေးသည့်သူ အတူတူဖြစ်နိုင် ကြောင်း ပြန်လည်ဖြေကြားသည်။ (ဆက်လက်ဖော်ပြပါမည်)