Skip to main content

ရောဂါကူးစက်ပြန့်ပွားခြင်းမရှိအောင်

ဆက်လက်ထိန်းသိမ်းကာကွယ် မြန်မာနိုင်ငံတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက် ရောဂါမဖြစ်ပွားအောင် ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်တစ်နှစ်လုံး ကမ္ဘာတစ်ခွင် ကူးစက်ပြန့်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်လည်း ပြီးဆုံးခြင်းမရှိသေးပေ။ ယခုအခါ ကမ္ဘာပေါ်ရှိနိုင်ငံများတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်လာပြီးတစ် ကမ္ဘာလုံး ဆိုင်ရာ ကိုဗစ်-၁၉ကူးစက်မှုနှုန်းအမြင့်ဆုံးအနေအထား သို့ နီးကပ်လာကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး က ဧပြီလ ၁၆ ရက်နေ့က အသိ ပေးထားသည်။
မြန်မာနိုင်ငံတွင် ယမန်နှစ်က ဖြစ်စဉ်နှင့် နောက်ဆုံးအခြေအနေအရ အတည်ပြု လူနာ တစ်သိန်းလေး သောင်းကျော်၊ ရောဂါကင်းစင်သွားသူ တစ်သိန်းသုံးသောင်းကျော်နှင့် သေဆုံးသူသုံးထောင်ကျော်ရှိခဲ့ပြီး လက်ရှိအခြေအနေ စစ်ဆေးရေးအားနည်း မှုကြောင့်ဟုဆိုနိုင်သည့် တစ်နေ့လျှင် ပိုးတွေ့လူနာ ဆယ်ဂဏန်းမျှသာရှိနေသည်ကို စိတ်ချလက်ချ ပေါ့ပေါ့လျော့လျော့ နေနေ၍ဖြစ်မည်မဟုတ်ပေ။ အိမ်နီးချင်းနိုင်ငံ များ၏ ဖြစ်စဉ်များကို သတိပြုကြရမည်ဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဘင်္ဂလား ဒေ့ရှ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် နှစ်ရက်ဆက်တိုက် နေ့စဉ်သေဆုံးသူ တစ်ရာကျော်ရှိလာပြီး နေ့စဉ်ကူးစက်ခံရသူ ထောင်နှင့်ချီရှိနေသည်။ အိန္ဒိယနိုင်ငံတွင် နေ့စဉ်ကူးစက်မှု သိန်းနှင့်ချီရှိနေပြီး အရှေ့ဘက်အိမ်နီးချင်းနိုင်ငံများတွင်လည်း ရောဂါကူးစက်မှုများ ထပ်တိုးတွေ့နေသည်။

မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် အိမ်နီးချင်းနိုင်ငံများနှင့် အဝင်အထွက် နည်းနေသောကြောင့် ကူးစက်မှုနှုန်း မများသေးဟုဆိုသော်လည်း ဖြစ်လာလျှင် မြန်မာနိုင်ငံ၏ အခြေအနေ မည်မျှဆိုးဆိုး ရွားရွားဖြစ်နိုင်ကြောင်း သာမန်အားဖြင့်ပင် ခန့်မှန်းကြည့်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ပြည်သူများ တက်ညီ လက်ညီ ပါဝင်ဆောင်ရွက်မှုကြောင့် အနည်းဆုံးအနေအထားဖြင့် ကိုဗစ်-၁၉ ပထမ လှိုင်း၊ ဒုတိယလှိုင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့သည်။ အကယ်၍ ၂၀၂၁ ခုနှစ်တွင် ကိုဗစ်၁၉ တတိယလှိုင်းနှင့် ကြုံရပါက မသက်သာမလွယ်တော့ဟု ဆိုချင်ပါသည်။ ။
အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက် ပေးနေသော ဆရာဝန် များအပါအဝင် ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံရေး အမှောင့်ပယောဂဖြစ်သည့် CDM မှိုင်းမိခဲ့ သောကြောင့် ဆေးရုံများကို စွန့်ခွာသွား ကြသည်ဖြစ်ရာ အကယ်၍ ကိုဗစ်-၁၉ ရောဂါဆိုးကြီး တစ်ကျော့ပြန် ပြန်လည်ခေါင်း
ထောင်လာပါက ပြည်သူများအနေဖြင့် မသက်သာတော့ဘူးဟု ဆိုလိုခြင်းဖြစ်သည်။ ယမန်နှစ်က ရောဂါဖြစ်စဉ်အရ ရောဂါကူးစက်ခံစားခဲ့ကြရသည့် ပြည်သူများ၏ ဝေဒနာဒုက္ခဆင်းရဲများမှာ ခံစားခဲ့ကြရသူများမှ လက်တွေ့သိကြရမည်ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများက စေတနာရှေ့ထား အနစ်နာခံစွန့်စားပြီး ပြည်သူများ၏ အသက်များကို ကယ်တင်ပေးခဲ့သည်မှာ မမေ့နိုင်စရာဖြစ်သည်။
လက်ရှိအချိန်အခါတွင် CDM အကြောင်းပြ၍ ကိုဗစ်-၁၉ ရောဂါမဟုတ်ဘဲ အခြားရောဂါဝေဒနာအမျိုးမျိုးတို့ကြောင့် ကူရာကယ်ရာမရှိ အသက်စွန့်လွှတ်ခဲ့ရမှု များ တစ်ပုံတစ်ပင်ရှိ၍ စိတ်မကောင်းဖွယ်ရာများ ဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတော်အစိုးရ၊ တပ်မတော်ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် တာဝန်သိ ကျန်းမာ ရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကို ယနေ့ထက်တိုင် အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ကာကွယ်စောင့်ရှောက် ကုသပေးလျက် ရှိသည်။ ရောဂါသည် ပြည်ပမှကူးစက်ဝင် ရောက်လာသည်ဖြစ်၍ နိုင်ငံတကာ အဝင်အထွက်လမ်းများ၊ နယ်စပ်ဖြတ်ကျော် မှုများကို အထူးဂရုပြုဆောင်ရွက်လျက်ရှိသည်။ သာဓကအားဖြင့် ပြီးခဲ့သည့်လက မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသား တစ်ထောင်ကျော်အား တပ်မတော်က မြန်မာ ပြည်သို့ ပြန်လည် ကယ်ဆယ်ခေါ်ဆောင်လာခဲ့ရာတွင် ကျန်းမာရေးစိတ်ချလုံခြုံမှု ရှိသည်ကို သက်သေပြ နိုင်ခဲ့သည်။ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအား သတ်မှတ်နေရာများတွင် ရောဂါရှိ/မရှိ စစ်ဆေးခြင်း၊ သံသယဖြစ်ဖွယ်တွေ့ရှိပါက ဆေးကုသပေးခြင်း၊ ရောဂါကင်းစင်ကြောင်း သေချာမှသာ နေရပ်ပြန်စေ ခြင်း၊ နေရပ်ပြန်ရောက်လျှင်လည်း ကျန်းမာရေးနှင့်သက်ဆိုင်ရာကစောင့်ကြည့်စစ်ဆေးပြီး လုံးဝစိတ်ချမှ သာ မိသားစုနှင့်ဆုံစည်းစေခဲ့သည်။
သို့ဖြစ်ရာ ကိုဗစ်-၁၉ ကူးစက်ခြင်းမခံရအောင် ပြည်သူများအနေဖြင့် ကျန်းမာရေး စည်းကမ်းများကို ဆက်လက်လိုက်နာကြရန်လိုအပ်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက် ဖြစ်ပွားခြင်းမရှိအောင် တပ်မတော်နှင့် အရပ်ဘက်ဆေးဘက်ဆိုင်ရာဝန်ထမ်းများက ဆက်လက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေး မည်ဖြစ်ပါကြောင်း။ ။