Skip to main content

တပ်မတော်၏ ဥပဒေနှင့်အညီဆောင်ရွက်မှုအပေါ် ငြိမ်းချမ်းစွာထောက်ခံပွဲ ပြုလုပ်

နေပြည်တော် ဖေဖော်ဝါရီ ၂၅ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များအား လေးစား လိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အားယာယီသမ္မတမှလွှဲပြောင်း တာဝန်ပေးအပ် ထားသည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ခေတ္တထိန်းသိမ်းဆောင်ရွက် လျက်ရှိကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန် လာစေရန် အင်တိုက်အားတိုက် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့တပ်မတော် အား ထောက်ခံဆန္ဒဖော်ထုတ်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လူအင်အား ( တစ်သိန်းခန့်က မင်္ဂလာတောင်ညွန့်မြို့နယ် ရန်ကုန် ဘူတာကြီးရှေ့ ကွမ်းခြံလမ်းနေရာမှစ၍ ဂျိုးဖြူလမ်း၊ အလံပြဘုရားလမ်း၊ ဆူးလေဘုရားလမ်းအတိုင်း ဆူးလေဘုရားသို့တစ်ပတ်ပတ်ကာ စုရပ်ကွမ်းခြံလမ်း နေရာသို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍လည်း ကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တောင်ကြီးမြို့တွင် လူအင်အား ငါးထောင်ခန့်သည် ဈေးပိုင်း ရပ်ကွက် ကုန်သည်လမ်းနှင့် မြို့မဈေးမြောက်ဘက် တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နှင့် ငပုတောမြို့တို့တွင် လူအင်အား ၁၀၀၀ ခန့်၊ ရခိုင်ပြည်နယ် တောင်ကုတ် မြို့တွင် လူအင်အား ၁၅၀၀ ခန့်၊ မွန်ပြည်နယ် သုဝဏ္ဏဝတီမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် လူအင်အား ၁၃၀၀ ခန့်နှင့် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့တွင် လူအင်အား ၁၄၀၀ ခန့်တို့ဖြင့် လည်းကောင်း ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ တပ်မတော်နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြောင်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ကြသည်။ ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် နိုင်ငံတော်အလံ များ၊ တပ်မတော်အလံများနှင့်အတူ စစ်ချီတေး၊ စစ်သည်တေးများကို ဖွင့်လှစ်ပြီး အမျိုးဘာသာ သာသနာကို စောင့်ရှောက်သော မြန်မာ့တပ်မတော် အား ထောက်ခံပါသည်။ We Stand with our Defence Servicesi We Want Democracyı We Stand With State Administration Councili ပြည်သူတို့၏အကျိုးကို အမှန်ဖော်ဆောင်မည့် တပ်မတော်အား ထောက်ခံပါသည်၊ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်မည့် တပ်မတော်အား ထောက်ခံပါသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီကို ထောက်ခံပါသည်ဟု စာသားပါဆိုင်းဘုတ်များကိုင်ဆောင်ကြွေးကြော် ခဲ့ကြသည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် အထွေထွေ ရွေးကောက်ပွဲနောက်ပိုင်း တပ်မတော်အပေါ် ထောက်ခံကြောင်း ဟောပြောပွဲ ၃၄ ကြိမ်၊ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှု ၁၃၂ ကြိမ်၊ မော်တော် ယာဉ်များဖြင့် လှည့်လည်ဆန္ဒဖော်ထုတ်မှု ၁၈ ကြိမ်၊ ရပ်လျက်ဆန္ဒဖော်ထုတ်မှု လေးကြိမ် စုစုပေါင်း ၁၈၈ ကြိမ် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်