နေပြည်တော် ဖေဖော်ဝါရီ ၂၃ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai အား ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိနိုင်ငံခြားရေး ဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေးသည်။ ရှင်းလင်းပြောကြား ထိုသို့ ဆွေးနွေးစဉ် ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ထိုင်းနိုင်ငံဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးအား မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှု အခြေအနေကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နှစ်နိုင်ငံ ဝန်ကြီးများသည် ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေးကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ တရားဝင် လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်သည့် အကူအညီများ ပေးအပ်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဝန်ကြီးများသည် အာဆီယံပေါင်းစည်းညီညွတ်ရေး စိတ်ဓာတ်ကို အခြေခံလျက်အာဆီယံလုပ်ငန်း မူဘောင်များ အတွင်းမှ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားရန်လည်း ဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်