မိုင်းယောင်း ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်မြန်မာ့စီးပွားရေး ဘဏ်၌ ပင်စင်စားပြည်သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ် ပေးလျက်ရှိသည်။ ပင်စင်လစာငွေများ ထုတ်ပေး ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ဘဏ်အတွင်းသို့ ဝင်ရောက်ရာတွင် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်စေခြင်း၊ လက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း နှင့် ပင်စင်လစာငွေများထုတ်ပေး ရာ၌ စနစ်တကျဖြစ်စေရေး အတွက် အလှည့်ကျဖြင့် ထုတ်ပေး လျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးဝင်းကျော်ထွေး ထံမှသိရသည်။
မိုင်းယောင်းမြို့နယ် မြန်မာ့ စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်း လစာငွေထုတ်ယူသည့် ပြည်သူ၁၅၀ ကျော်ရှိရာ ယမန်နေ့ မှစ၍ ဘဏ်ဖွင့်သည့် နေ့ရက်များ တွင် ပင်စင်လစာငွေများ ပုံမှန်ထုတ်ယူနိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိကြောင်း မြန်မာ့ စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)