Skip to main content

ရွှေတိဂုံစေတီတော်မြတ်ကြီး ဖူးမြော်ကြည်ညိုနိုင်ရေး ရဟန်းရှင်လူ ဘုရားဖူးပြည်သူများသို့ ပန်ကြားလွှာ

COVID-19 ကမ္ဘာ့ကပ်ရောဂါများ ဖြစ်ပွားနေသည့်အတွက် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီးအား ၉-၄-၂၀၂၀ ရက်နေ့မှစ၍ ဘုရားဖူးမြော်ခွင့် ၁၀ လကျော်ကြာ ယာယီရပ်ဆိုင်းခဲ့ရာမှ ယခုအချိန်အခါတွင် COVID-I9 ရောဂါကာကွယ် တားဆီးရေး၊ ကုသရေးလုပ်ငန်းစဉ်များကြောင့် ရောဂါကူးစက်ပျံ့နှံ့မှုအား အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ စေတီတော်ဂေါပကအဖွဲ့ ဩဝါဒါ စရိယဆရာတော်ကြီးများ၏ ဩဝါဒ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်အရ ဘုရား၊ ပုထိုး၊ စေတီများအား အချိန်၊ လူဦးရေကန့်သတ်ချက်များဖြင့် COVID-I9 စည်းမျဉ်း စည်းကမ်း များနှင့်အညီ ၈-၂-၂၀၂၁ ရက်နေ့မှစ၍ ပြန်လည်ဖူးမြော်ခွင့် ပြုပေးသွားမည်ဖြစ်ပြီး လူစုလူဝေးဖြင့် အလှူအတန်းပြုလုပ်ခြင်းများအား ခွင့်မပြုသေးပါကြောင်း ရဟန်းရှင်လူ ဘုရားဖူးပြည်သူများအား ပန်ကြားအပ်ပါသည် - ရဟန်းရှင်လူ ဘုရားဖူးပြည်သူများအား ဖူးမြော်နိုင်ရေး ဆောင်ရွက်သွားမည့်အစီအစဉ် (၁) ၈-၂-၂၀၂၁ ရက်နေ့နှင့် ၉-၂-၂၀၂၁ ရက်နေ့များတွင် ရဟန်းသံဃာ၊ သီလရှင်များ ဖူးမြော်နိုင်ရေး ဦးစားပေး ခွင့်ပြုသွားပါမည်။ (၂) ၁၀-၂-၂၀၂၁ ရက်နေ့တွင် အသက်အရွယ်ကြီးရင့်သူများ၊ မသန်စွမ်းပြည်သူများ ဖူးမြော်နိုင်ရေး ဦးစားပေး ခွင့်ပြုသွားပါမည်။ (၃) ၁၁-၂-၂၀၂၁ ရက်နေ့မှစ၍ ရဟန်း၊ ရှင်များနှင့် ပြည်သူများ ဖူးမြော်နိုင်ရေး ခွင့်ပြုသွားပါမည်။ (၄) ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးမြော်ရာတွင် နေ့စဉ်နံနက် ၀၆၀၀ အချိန်မှ ၀၇ ၀၀ အချိန်အထိလည်းကောင်း၊ နံနက် ၀၈၀၀ အချိန်မှ ၁၉၀၀ အချိန်အထိ လည်းကောင်း၊ နံနက် ၁၀ ၀၀ အချိန်မှ မွန်းလွဲပိုင်း ၁၁ ၀၀ အချိန်အထိလည်းကောင်း၊ နံနက်ပိုင်း ၃ ကြိမ်၊ မွန်းလွဲပိုင်း ၁၃ ၀၀ အချိန်မှ ၁၄ ၀၀ အချိန်အထိ လည်းကောင်း၊ မွန်းလွဲပိုင်း ၁၅ ၀၀ အချိန်မှ ၁၆ ၀၀ အချိန်အထိလည်းကောင်း၊ ညနေ ၁၇၀၀ အချိန်မှ ၁၈၀၀ အချိန်ထိလည်းကောင်း၊ မွန်းလွဲပိုင်း ၃ ကြိမ် ဖူးမြော်နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ တစ်ကြိမ်လျှင် ၅၀၀ ဦးနှုန်းဖြင့် တစ်ရက်လျှင် ၆ ကြိမ် စုစုပေါင်း ၃၀၀၀ ဦး ဖူးမြော်ကြည်ညိုနိုင်မည်ဖြစ်ပါသည်။ (၅) တစ်ကြိမ်လျှင် အရှေ့ဘက်စောင်းတန်းမှ ၂၀၀ ဦး၊ အနောက်ဘက်စောင်းတန်းမှ ၁၅၀ ဦး၊ တောင်ဘက်စောင်းတန်းမှ ၅၀ ဦးနှင့် မြောက်ဘက်စောင်းတန်းမှ ၁၀၀ ဦး၊ တစ်ကြိမ်လျှင် စုစုပေါင်း ၅၀၀ ဦး ဖူးမြော်နိုင်မည်ဖြစ်ပါသည်။ (၆) သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပ ဓာတ်လှေ ကားဖြင့် တက်ရောက်ခြင်း ခွင့်မပြုသေးပါ။ (၇) ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ချိန်အဖြစ် ဘုရားဖူးရန် တစ်ကြိမ်လျှင် ၁ နာရီ ခွင့်ပြုမည် ဖြစ်ပါသည်။ (၈) ဘုရားဖူးပြည်သူများသည် အသင့် ပြုလုပ်ထားသော Form များတွင် ကိုယ်ရေးအကျဉ်း (အမည်၊ အဘအမည်။ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာ) အား ဖြည့်စွက်ပေးရမည် ဖြစ်ပါသည်။ ပိုမိုမြန်ဆန်စေရေးအတွက် ၎င်းကိုယ်ရေးအကျဉ်းကို မိမိအစီအစဉ်ဖြင့် ကြိုတင် ရေးသားယူလာနိုင်ပါသည်။ (၉) ဘုရားဖူးပြည်သူများသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား တက်ရောက်လာသည့် မုခ်ဦးများမှ သာ ပြန်လည်ထွက်ခွာရမည်ဖြစ်ပါသည်။ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့်အချက်များ (၁) ဖျားခြင်း (ကိုယ်အပူချိန် ၁၀၀.၄°F/၃၈°C ထက်ကျော်လွန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း စသည့် COVID-19 သံသယလက္ခဏာ တစ်ခုခု ရှိနေလျှင် ဘုရားဖူးလာရောက်ခြင်း၊ လုံးဝမပြုရပါ။ (၂) ဘုရားဖူးပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို မဖြစ်မနေ တပ်ဆင် လာရမည်။ အသက်(၆၀)အထက် အသက်အရွယ်ကြီးရင့်သူများ၊ ဆီးချို၊ သွေးတိုး စသည့် နာတာရှည်ရောဂါအခံရှိသူများအနေဖြင့် မျက်နှာအကော (Face Shield) များကိုပါ တွဲဖက်၍ တပ်ဆင်လာရပါမည်။ (၃) ဘုရားဖူးပြည်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဖုန်းနံပါတ်များကို သတ်မှတ် Form များနှင့် မှတ်တမ်းစာအုပ်များတွင် မှတ်တမ်းတင်ထားရှိခြင်းလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ရမည်။ (၄) ဘုရားဖူးပြည်သူများအနေဖြင့် COVID-I9 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ သတိပေးချက် များနှင့် နှိုးဆော်ချက်များကို တိကျစွာ လိုက်နာရမည်။ (၅) ဘုရားသို့ စတင်ဝင်ရောက်ခြင်းမပြုမီ ဘုရားရှိခိုးပြီးသည့်အခါတိုင်း (လက်ကို ကြမ်းပြင် (သို့မဟုတ်) ဘုရားရင်ပြင်နှင့် ထိတွေ့ပြီးသည့်အခါ) နှင့် ဘုရားဖူးပြီး၍ ဘုရားမှ ထွက်သည့်အခါတွင် စောင်းတန်းအဝင်၊ ဘုရားရင်ပြင်နှင့် ထွက်ပေါက်များရှိ လက်ဆေးဘေစင်များတွင် ဆပ်ပြာနှင့် ရေကို အသုံးပြု၍ လက်ကို အနည်းဆုံး စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောခြင်း (သို့မဟုတ်) အယ်ကိုဟောလ် အနည်းဆုံး (၆၀%) ပါဝင်သော ရေမလိုလက်သန့်စင်ဆေးရည် (Hand Sanitizer) အသုံးပြုခြင်းတို့ကို ဆောင်ရွက်ပါ။ (၆) ဘုရားရှိခိုးပြီးတိုင်း (လက်ကိုကြမ်းပြင်(သို့မဟုတ်) ဘုရားရင်ပြင်နှင့် ထိတွေ့ပြီးတိုင်း) လက်ကို စနစ်တကျချက်ချင်းပြန်လည်ဆေးကြောနိုင်ရန် အယ်ကိုဟောလ် အနည်းဆုံး (၆၀%) ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည် (Hand Sanitizer) ဗူးသေးများ ယူဆောင်လာ၍ အသုံးပြုရမည်။ (၇) စောင်းတန်းဝင်ပေါက်၌ တာဝန်ရှိသူများက Non-contact thermometer (သို့မဟုတ်) Thermal Scanner ဖြင့် အပူချိန်တိုင်းတာခြင်းကို ခံယူရမည်။ (၈) ဘုရားဖူးပြည်သူများအနေဖြင့် စောင်းတန်းဝင် ထွက်ပေါက်များနှင့် ရင်ပြင်ပေါ်တို့တွင် တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာ တက်ရောက် ဖူးမြော်နိုင်ရေး သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ တိကျစွာလိုက်နာရမည်။ (၉) ဘုရား၊ ပုထိုး စေတီများ၏ ပရိဝုဏ်အတွင်းရှိ ဇရပ်၊ တန်ဆောင်းများ၌ အချိန်ကြာမြင့်စွာ ပူဇော်ခြင်း၊ ခေတ္တနားနေခြင်း၊ ဝိုင်းဖွဲ့စားသောက်ခြင်း၊ စတုဒီသာကျွေးမွေးလှူဒါန်းခြင်းတို့ကို လုံးဝရှောင်ကြဉ်ရမည်။ (၁၀) ဘုရားဖူးပြည်သူများအနေဖြင့် အသုံးပြုပြီး ပါးစပ်နှင့် နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံး တစ်ရှူးစက္ကူများကိုအဖုံးပါသော အမှိုက်ပုံးများအတွင်းသို့ စနစ်တကျ စွန့်ပစ်ရမည်။ (၁၁) ဘုရားပုထိုးစေတီများသို့ ကုသိုလ်ယူသွားရောက်ခဲ့ပြီးနောက် (၇) ရက်အတွင်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက်အနံ့အရသာပျောက်ဆုံးခြင်း၊ အသက်ရှူရခက်ခဲခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ ဆေးကုသမှု ခံယူရပါမည်။ တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်နိုင်မည့်အစီအစဉ် (၁) ၈-၂-၂၀၂၁ ရက်နေ့မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘုရား ပုထိုး၊ စေတီများကို ဖူးမြော်ကြည်ညိုခွင့် ပြုသွားမည်ဖြစ်ပါသည်။ (၂) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COMID-19 ထိန်းချုပ် တားဆီး ကာကွယ်ရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ဖူးမြော်ကြည်ညိုရမည်ဖြစ်ပါသည်။ (၃) နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်ရှိ ရဟန်းရှင်လူပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ဆောင်ရွက်ရမည့်အချက်များအတိုင်း လိုက်နာ ဆောင်ရွက်ရမည်။ (၄) နေပြည်တော် တိုင်းဒေသကြီး/ ပြည်နယ်ရှိ ဘုရားပုထိုးစေတီ ဂေါပကအဖွဲ့ဝင်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ၃၃ ချက်အားဂေါပက အဖွဲ့များက တာဝန်ယူဆောင်ရွက်ရန်အတွက် ကြိုတင်ပြင်ဆင်ထားရှိရမည်ဖြစ်သည်။ (၅) သက်ဆိုင်ရာ ဘုရားပုထိုးစေတီဂေါပကအဖွဲ့များအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်နှင့်ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်သည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန