Skip to main content

နိုင်ငံဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၂၀ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် စည်ပင်ဧည့်ရိပ်သာ (၁) ကာကွယ်ဆေးထိုးစုရပ်တွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများမှ လက်ထောက် ညွှန်ကြားရေးမှူး အဆင့်အထိ အရာထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကြီးကြပ်ဆောင်ရွက်ပေးသည်။ အဆိုပါ ကာကွယ်ဆေးထိုးစုရပ်၌ ယနေ့တွင် ဝန်ကြီးဌာန ၁၀ ခုမှ အရာထမ်း ၉၀၇ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး၌ ယနေ့တွင် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်ဆက်လက်ဆောင်ရွက်လျက်ရှိရာ အင်းယား ကိုဗစ်-၁၉ စင်တာ ကာကွယ်ဆေးထိုးစုရပ်တွင် သံဃာတော် ၁၁၂ ပါးကို ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေး နိုင်ခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်နှင့်အထက် မိဘပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်