နေပြည်တော် ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ ဆေးရုံအချို့၌ ဆရာဝန်နှင့်သူနာပြုများကဒေသခံ ပြည်သူ များကို မျက်ကွယ်ပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ ပျက်ကွက်လျက်ရှိရာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် ၁၀ မြို့နယ် အဆောင်၌ အသွားအလာကန့်သတ်ထားရှိခဲ့သည်။
ထိုသို့ အသွားအလာကန့်သတ်ထားရှိသည့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၆၈ ဦးကို ယနေ့ နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေခံတပ်မတော်ဆေးရုံမှ ဆရာဝန်များ၊ ပါရဂူ များ၊ ဆေးမှူးများနှင့်သူနာပြုများက မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ လူမှုရေး အသင်း အဖွဲ့များနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူခြင်း၊ RDT နည်းဖြင့် စစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်