နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၈
လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတိုကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုအချို့ ဖြစ်ပွားလျက်ပြီး ကောလာဟလများကြောင်း ညပိုင်းများတွင် မိဘပြည်သူများ ထိတ်လန်း စိုးရွံ့စွာဖြင့် နေထိုင်ရလျက်ရှိကြောင်း သိရှိရသည့်အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက်ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။
ထိတ်လန်းစိုးရွံ့စွာ နေထိုင်နေရသော မိဘပြည်သူများအနေဖြင့် စိတ်အေးချမ်းသာယာစွာ နေထိုင်အိပ်စက်နိုင်စေရေး၊ ရပ်ရွာအေးချမ်းသာယာမှုရှိစေရေးတို့အတွက် ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ပြည့်ဝစွာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နေညမပြတ် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်