Skip to main content

ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေး Website များ တိုက်ခိုက်ခံရ

နေပြည်တော် ဖေဖော်ဝါရီ ၁၇ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး၏ သာမန်သတင်းထုတ်ပြန်ရေး Website များအား ယနေ့ မွန်းလွဲပိုင်းတွင် အဖျက်အမှောင့်လုပ်ဆောင်လိုသည့် မသမာသူများက ခေတ္တရပ်တန့်သွားအောင် နှောင့်ယှက်ခဲ့ကြောင်း သိရသည်။ ယင်း Website များအနက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး Website တို့အား တပ်မတော်မှ ကွန်ပျူတာပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် နာရီပိုင်းအတွင်း ပြန်လည်လုပ်ငန်း လည်ပတ်ခဲ့ပြီး ဗဟိုဘဏ် Website ကို မူလဆောင်ရွက်ပေးသည့် ကုမ္ပဏီအားခေါ်ယူ၍ လည်ပတ်စေရန် ဆောင်ရွက်လျက်ရှိကာ မူလအခြေအနေသို့ မကြာမီပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါ Website များသည် သာမန် နေ့စဉ်သတင်းထုတ်ပြန်နေသော Website များဖြစ်ပြီး လုပ်ငန်းစနစ်များ ဆောင်ရွက်နေသော Website များ မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ သတင်းစဉ်