Skip to main content

ထေရ်ကြီးဝါကြီးဆရာတော်ကြီးများအား သွားရောက်ဖူးမြော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဘုရားဖြူ ရပ်ကွက်၊ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်) အမှူးပြုသော ဆရာတော်ကြီး များနှင့် သံဃာတော်များအား ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲပိုင်းက ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည် ညို ကြသည်။

ရှေးဦးစွာ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဒေါက်တာ ဓမ္မသာမိ (အောက်စဖို့ဒ်ဆရာတော်) ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သာသနာရေး ဆိုင်ရာများ လျှောက်ထားကာ လှူဒါန်းမှု အစုစုအတွက်ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူးနှင့်အဖွဲ့ဝင် များသည် ဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်းရှိ ဗုဒ္ဓစာပေနှင့် ပတ်သက်သည့် စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှု ကြသည်။ )

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ချမ်းသာ ရပ်ကွက်ရှိ သိမ်တောင် ပရိယတ္တိစာသင်တိုက်သို့သွားရောက်၍ ကျောင်း ထိုင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစက ဘဒ္ဒန္တတေဇ၀န္တ အမှူးပြုသော သံဃာတော်များအား ဖူးမြော်ကြည်ညိုကြပြီး သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ သာသနာရေးဆိုင်ရာများ လျှောက် ထား ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်