ဦးစားပေးအစီအစဉ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုများ စတင်ဆောင်ရွက် နေပြီဖြစ် သည်။ တစ်ဖက်တွင်လည်း ကိုဗစ်- ၁၉ ကူးစက်ရောဂါ ကူးစက်ပျံ့နှံ့မှုအရှိန်အဟုန် လျော့နည်းလာသည့် လက္ခဏာများကို တွေ့ရသည်။ မီဒီယာများတွင် တွေ့ရသည့် ကိန်းဂဏန်း များအရ ယင်းသို့ ခန့်မှန်းခြင်းဖြစ်သော်လည်း အမှန် နှင့် မည်မျှနီးစပ်မည်ကို မသိနိုင်။ လက်ရှိ အခြေအနေတွင်မူ အတည်ပြု နိုင်သည့် ပိုးတွေ့သူ တစ်သိန်းလေးသောင်း ကျော်ရှိပြီး ရောဂါ ကြောင့် သေဆုံးသူ သုံးထောင်ကျော်ရှိ နေကာ နေ့စဉ် ဆယ်ဂဏန်းအရေ အတွက်နှင့် တိုးတက် နေလျက်ရှိသည်။
မြန်မာနိုင်ငံတွင် ထိုးနှံပေးနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး မှာ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ်နှင့် အက်စ်ထရာဇနီကာ တို့ ပူးပေါင်းထုတ်လုပ်ထားသည့် ဆေးဖြစ်ပြီး အိန္ဒိယ နိုင်ငံက တစ်ဆင့်ခံလိုင်စင်ယူကာ COVISHIELD အမည်ဖြင့် ထုတ်လုပ်လိုက် သည့် ဆေးဖြစ် သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများမှာ အခြား ပုံမှန် ကာကွယ်ဆေးများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အပြည့်အဝ ထောက်ခံချက်မရရှိသေးသဖြင့် စိုးရိမ်မှုများလည်း ရှိကြ သည်။ ကာကွယ်ဆေးများ၏ အရည်အသွေးအာနိသင်များနှင့် စပ်လျဉ်း၍ ဘက်ပေါင်းစုံမှ လိုအပ်သော စမ်းသပ်ချက်များကို ပြုလုပ် မှုများ ပြီးပြည့်စုံခြင်း မရှိသေးသည့်အတွက်ကြောင့် ဖြစ်သည်။
သို့ရာတွင် ကာကွယ်ဆေးထုတ်လုပ်ရာတွင် လိုက်နာရမည့်စံသတ်မှတ် ချက်များအတိုင်း ထုတ် လုပ် ထားပြီး ကာကွယ်ဆေးများ၏ အစွမ်း ထက်မှုနှင့် ဘေးကင်းမှုတို့အတွက် စစ်ဆေးမှုများ ပြုလုပ်ကာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်များကိုရထား သည့် ကာကွယ်ဆေးများကို အသုံးပြုထိုးနှံပေးနေကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ထိုးပေးနေသည့် အိန္ဒိယနိုင်ငံထုတ် COVSHIELD ကာကွယ်ဆေးမှာ သာမန် တုပ်ကွေးဗိုင်းရပ်စ်၏ မျိုးဗီဇနှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်၏ မျိုးဗီဇဗိုင်းရပ်စ်အစိတ်အပိုင်းတို့ကို ပေါင်းစပ် တီထွင်ထားသည့် ကိုရိုနာဗိုင်းရပ်စ်အတုပင်ဖြစ်သည်။ ဆေးထိုးခံသည့် လူကို ဒုက္ခပေးနိုင်သည့် ဗိုင်းရပ်စ်မဟုတ်သော ပုံစံတူကိုရိုနာဗိုင်းရပ်စ် ကို လူ့ခန္ဓာကိုယ်တွင်ရှိနေသော ကိုယ်ခံအားက မှတ်သားပြီး တိုက် ထုတ်ပေးခြင်းအားဖြင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးအစစ် လူ့ခန္ဓာ ကိုယ်ထဲ သို့ ဝင်ရောက် လာသည့်အချိန်တွင် ပြန်လည်တိုက်ထုတ်ရန် အဆင် သင့် ဖြစ်နေ မည်ဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံခြင်းတွင် ကျန်းမာ ရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း များ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက် နိုင်ငံ့ဝန်ထမ်းအချို့၊ Stay at Home မြို့နယ် များရှိ အသက် ၆၅ နှစ်နှင့်အထက်ရှိ ပြည်သူများတို့ကို ထိုးနှံ ပေးလျက်ရှိပြီး ကျေးလက်နေပြည်သူများ အထိ အစီအစဉ်များအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဟု၍လည်း သိရသည်။ ယခုနှစ်အတွင်း နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိုးနှံပေးနိုင်မည်ဟူ၍ ခန့်မှန်းထားပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးနိုင်ပြီးမှသာ ကာကွယ်ဆေး လွှမ်းခြုံသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၂ ခုနှစ်သို့ ရောက်မှသာ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံနိုင်မည်ဖြစ်သည်။
အထူးဂရုပြုလိုက်နာကြရမည့်အချက်မှာ ကာကွယ်ဆေးမထိုး ရသေးသူများသာမက ကာကွယ် ဆေး ပထမအကျော့ထိုးပြီးသူများ အပါအဝင် ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်တား ဆီးနိုင်ရေး အတွက် ချမှတ်ထားသည့် အချက်အလက်များကို ဆက်လက်ကျင့်သုံးကြရန် ပင်ဖြစ်သည်။ ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လက်ကို ခဏ ခဏဆေးကြောခြင်း၊ လူစုလူဝေးရှိရာကို ရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ဆက်ဆံခြင်းဟူသော အခြေခံအချက်များကို ဆက်လက် ကျင့်သုံး ကြခြင်း အားဖြင့် ကိုဗစ်-၁၉ ရောဂါကိုသာမက အခြားသောရောဂါ အများအပြားတို့ကိုလည်း ကူးစက်မခံ ရအောင် ကာကွယ်နိုင်ကြမည်ဖြစ်ပါကြောင်း။ ။