နေပြည်တော် ဖေဖော်ဝါရီ ၁၂
၂၀၂၁ ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော် အလံ အလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြို့တော် ခန်းမ ဥပစာ ရင်ပြင် ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ပေးပို့သော ပြည်ထောင်စုနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစု ပင်လုံမှသည် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအောင်မြင်သည်အထိ အကောင် အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနှင့် လျော်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ် ရပ်ပေါ် ပေါက်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့ကို တိုင်းရင်းသားအားလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးနှင့် အရည်အချင်းမြင့်မား၍ ပြည်ထောင်စုစိတ်ဓာတ်ခိုင်မာသော မျိုးဆက်သစ်များပြုစုပျိုးထောင်ရေးဟူသည့် အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် အနှစ်သာရ ပြည့်ဝ စွာကျင်းပခြင်းဖြစ်သည်။
ရှေးဦးစွာ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် ၅ နာရီခွဲတွင် ကျင်းပရာ တိုင်းရင်းသားတိုင်းရင်းသူများနှင့်အတူ အလံတင်တပ်ဖွဲ့က ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်အလံကို လွှင့်တင်သည်။
ယင်းနောက် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားသို့ တက်ရောက်အလေးပြု ကြမည့် ဌာန ဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်းသူများနှင့် ဖိတ်ကြားထား သူများသည် နံနက် ၅ နာရီမှစတင်၍ အခမ်းအနားကျင်းပမည့် မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက်နေရာယူ ကြသည်။
နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို နံနက် ၇ နာရီတွင် ကျင်းပရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဂုဏ်ပြုတပ်ဖွဲ့က မြို့တော်ခန်းမ ဥပစာရင်ပြင်သို့ ချီတက် နေရာယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း က ပြည်ထောင်စုနေ့ အခမ်း အနား ကျင်းပသည့် မြို့တော်ခန်းမ ဥပစာရင်ပြင်ရှိ စင်မြင့်ပေါ်၌ နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြု ခြင်းကိုခံယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ သည် တက်ရောက်လာကြ သူများနှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုရာ ဂုဏ်ပြုတပ်ဖွဲ့ က နိုင်ငံ တော်သီချင်းကို တီးမှုတ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် ထံမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီးစိုးဝင်း က ဖတ်ကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရား သူကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့ ဝင်များ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၊ အဂတိ လိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်အဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ ဝန်ကြီးဌာန များမှဝန်ထမ်းများ၊ တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားတိုင်းရင်းသူ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
(သတင်းစဉ်)