မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် ဆန်စပါးကဏ္ဍ၏ အနာဂတ်ဦးတည်လားရာများကို လေ့လာသုံးသပ်ပြီး အမျိုးသားပို့ကုန်မဟာဗျူဟာနှင့်အညီ ဆန်စပါး စိုက်ပျိုး၊ ထုတ်လုပ်၊ ကြိတ်ခွဲ၊ သိုလှောင်၊ တင်ပို့ရောင်းချခြင်း တန်ဖိုးကွင်းဆက်တစ်လျှောက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပြုပြင်ပြောင်းလဲတပ်ဆင်ရမည့် အစီအစဉ်များ၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးဖော်ထုတ်ရန် ရည်ရွယ်၍ “နိုင်ငံ့စီပွားမြှင့်တင်ဖို့၊ ဆန်စပါးဖြင့်ကြိုးပမ်းစို့” ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာ့ဆန်စပါးညီလာခံ -၂၀၂၂ (Myanmar Rice Conference – 2022) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (ဗဟိုဌာန-၂)၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
တစ်ဦးချင်း လုပ်ဆောင်ရမည်တာဝန်များကို မှန်မှန်ကန်ကန်ကျေပွန်စွာ ဆောင်ရွက်ခြင်းဖြင့် စွမ်းရည်ရှိသည့် တပ်မတော် စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များအား ပြည်တပ်နယ်ရှိနဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အရှေ့တောင်အာရှဒေသ၏ မြို့ပြယဉ်ကျေးမှုအစဖြစ်သည့် သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ် ဒေသသည် မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာအဆင့်ရှိရှိ ပြသနိုင်မည့် ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၏ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ကြည်ညို
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ကျက်သရေဆောင် လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ပြည်မြိုရှိ၊ သီရိခေတ္တရာရတနာပုံ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ပြောကြားသည်။
ပြည်တွင်းထွက်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးဆောင်ရွက်၊ စားရေးနှင့်ဝတ်ရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရန်ကုန်မြို့ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆွေးနွေးပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား
(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့သော တပ်မတော်မှ အားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games - 2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd world cadet Games - 2022)တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်
(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင်ဆုရရှိခဲ့သော တပ်မတော်မှအားကစားသမားများနှင့် ဆုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြများ၊ နိုင်ငံတကာတပ်မတော်အားကစားပြိုင်ပွဲ (International Army Games-2022) နှင့် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ (3rd World Cadet Games-2022) တို့တွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိသည်ဖြစ်သဖြင့် ပြည်တွင်း စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှုကို အားပေးကြရမည်ဖြစ်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် မန္တလေး စက်မှုဇုန် အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရတနာပုံခန်းမ၌ တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆွေးနွေး ပြောကြားသည်။
