Skip to main content

Feb 10, 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် တူကီယဲနိုင်ငံနှင့် ဆီးရီးယားနိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ဒဏ်ကြောင့် တူကီယဲပြည်သူအများအပြား အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးခဲ့ခြင်းများအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ တူကီယဲနိုင်ငံသမ္မတ မစ္စတာရီဆက်တေရစ်အာဒိုဂန်ထံသို့ စာနာထောက်ထားကြောင်း သဝဏ်လွှာကို ၇-၂-၂၀၂၃ ရက်​နေ့တွင် ​ပေးပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2023

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 10, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လမ်းညွှန်မှာကြားသည့်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 09, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Myanmar Electronic Voting Maching (MEVM) တည်ဆောက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နေ့လယ်ပိုင်းတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်း တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံ ရေတပ်စခန်း ဌာနချုပ်ခန်းမ၌ သွားရောက် တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိ သူများအား ပုသိမ်လေ ဆိပ်ဧည့် ခန်းမဆောင်၌ တွေ့ဆုံ အမှာ စကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နှင့် ငပုတောမြို့နယ်တို့ရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ မြို့မိ မြို့ဖများအား ဟိုင်းကြီးကျွန်းရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ တွေ့ဆုံ၍ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 08, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ   သမိုင်းဝင် မဟာမကုဋရံသီဆံတော်ရှင်မြတ် မော်တင်စွန်းစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား ပုသိမ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 07, 2023

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ဧရာဝတီမြစ်ကမ်းနံဘေးရှိ မိုးတားလေးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် စာသင်ကျောင်းများအတွင်းသို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်မှစ၍ အခိုင်အမာဝင်ရောက်နေထိုင်ကာ ဧရာဝတီမြစ်တစ်လျှောက် သွားလာသည့် စက်လှေငယ်များနှင့် ရေလုပ်ငန်းဆောင်ရွက်သူများအားလည်းကောင်း၊ ရွှေကူ၊ မြို့လှ၊ ကသာလမ်းကြောင်းပေါ်ရှိ ကျေးရွာများမှ ပြည်သူလူထုများအားလည်းကောင်း၊ အဓမ္မတားဆီးစစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခြင်းနှင့် ဒလန်စွပ်စွဲ၍ သတ်ဖြတ်ခြင်း စသည့်အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ဆောင်ရွက်နေကြောင်း အကြမ်းဖက်မှုကို ဆန့်ကျင်လိုသည့် ဒေသခံပြည်သူများက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ ဝင်များထံသို့ လျှို့ဝှက်သတင်းပို့လာသဖြင့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းမှ အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး(Counter- Terrorism Operation)ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှ ၂၂ ရက်အထိ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သမားများနှင့် ထိတွေ့ တိုက်ပွဲ(၇)ကြိမ် အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်