Sep 15, 2020
တစ်ကျော့ပြန် ကိုဗစ်လှိုင်းဟာ ကျွန်မတို့နိုင်ငံမှာ ဩဂုတ် လလယ်ကစပြီး ပြန်လည်ဦးမော့လာခဲ့တယ်။ ဇွန်၊ ဇူလိုင်လတွေမှာ ရောဂါဖြစ်ပွားနှုန်းကျဆင်းသွားခဲ့လို့ ကမ္ဘာကတောင် ချီးကျူးနေရတဲ့ အနေအထားဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့လကစပြီး ရခိုင်ပြည်နယ်ကနေ ကူးစက်မှုတွေ ပြန့်ပွားလာတာကြောင့် အစိုးရနဲ့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနရယ်၊ အလှူရှင်တွေရယ်၊ ပြည်သူ တွေရယ် ပူးပေါင်းပြီး အကြိတ်အနယ် ရင်ဆိုင်ကြရ ပြန်တယ်။ တဖြည်းဖြည်းနဲ့ အခြားမြို့ရွာတွေကိုပါ ပျံ့နှံ့ လာခဲ့တယ်။ တစ်နေ့တစ်နေ့ ပိုးတွေ့လူနာ “ရာချီအထိ” တွေ့နေရတာကို ရင်တမမနဲ့ ‘ဘုရားတ’ရင်း စောင့်ကြည့် နေကြရတယ်။ သံသယလူနာတွေ အားလုံးနီးပါး များများ စစ်ဆေးနိုင်ကြလို့ ရောဂါပိုးရှိသူများများ ရှာဖွေနိုင်တာ လည်း ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာ လူတချို့ဟာ ညွှန်ကြားချက်တွေ၊ စည်းကမ်းတွေကို တိတိကျကျ မလိုက်နာကြတာကိုလည်း တွေ့နေရ ပြန်တယ်။
Sep 15, 2020
သလ္လာဝတီမြစ်ခေါ် ချင်းတွင်းမြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်၏ ကျယ်ဝန်းသည့် ဟူးကောင်း ချိုင့်ဝှမ်းလွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဝမ်၊ တရွန်မြစ်များစုဆုံ၍ ဖြစ်ပေါ်လာပါသည်။ မြောက်မှ တောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးဖြစ် သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်ပါသည်။ မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်း တွင်းများသည်လည်း ဥရုချောင်းဖျားနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသများတွင် တည်ရှိနေကြသည်။
Sep 15, 2020
အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်သော မော်လီကျူး တစ်ခုဖြစ်သည့် အိုဇုန်းဓာတ်ငွေ့သည် အပြာရောင် ဖျော့ဖျော့ရှိပြီး အလွန်အနံ့ပြင်း၍ မြေပြင်ပေါ်တွင် တည်ရှိပါက လေထုညစ်ညမ်းမှု ဖြစ်စေသည်။ စက်ရုံ အလုပ်ရုံများ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံများ၊ မော်တော်ယာဉ်များမှ ထုတ်လွှတ်သော ဓာတ်ဆီငွေ့များတွင် အဓိက ပါဝင်သည့် နိုက်ထရိုဂျင်နှင့် အောက်ဆီဂျင်ဒြပ်ပေါင်းများ (Oxide of Nitrogen)နှင့် အငွေ့ပြန်လွယ်သော အော်ဂဲနစ် G8cule:(Volatile Organic Compound-VOC)ąp: နေရောင်ခြည်နှင့်ဓာတ်ပြု၍ ဖြစ်ပေါ်လာရသည့် အိုဇုန်း ဓာတ်ငွေ့များသည် ကမ္ဘာ့မြေမျက်နှာပြင်မှ ငါးမိုင်အတွင်းရှိ ထရိုပိုစဖီးယား(Troposphere)အလွှာတွင် တည်ရှိနေပါသည်။
Sep 15, 2020
လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာခဲ့သော မြန်မာအမျိုးသား လေကြောင်းသည် လာမည့် စက်တင်ဘာလ (၁၅) ရက်နေ့ဆိုလျှင် (၇၂) ပြည့်မြောက်ပြီဖြစ်သည်။ တကယ်တော့ သက်တမ်း ၇၂ ပြည့်မြောက်ပြီဆိုသော်လည်း အသွင်သစ်ဖြင့် သွေးသစ် လောင်းခဲ့သည်မှာတော့ ငါးနှစ်ခန့်သာ ရှိဦးမည်၊ ယခင် မြန်မာ့လေကြောင်းအမည်နှင့် ရှိနေခဲ့သော အသွင်အပြင် ပုံရိပ်ဒီဇိုင်းနှင့် ခြားနားစွာ အသွင်သစ် ပုံစံဒီဇိုင်းအသစ်နှင့် မြန်မာအမျိုးသား လေကြောင်းဟူသောအမည်ဖြင့်ပြောင်းလဲ ထွက်ပေါ်လာခြင်းဖြစ်သည်။
Sep 15, 2020
မကြာသေးမီက မြန်မာ့ပညာရေးနဲ့ပတ်သက်ပြီး ဝမ်းသာစရာသတင်းတစ်ခုကို ကြားသိရတယ်။ ဒါကတော့ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ် ၁၆ ခုမှာ မဟာဌာနတွေ ဖွင့်လှစ်ပြီး သီးခြားရပ်တည်တဲ့ တက္ကသိုလ်များအဖြစ် သတ်မှတ်ရပ်တည်အောင် ဆောင်ရွက်နိုင်မှုပဲဖြစ်တယ်။ အခုလို မြန်မာ့ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို ဦးဆောင်နေတဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို အသိအမှတ်ပြုရမှာဖြစ်တယ်။ အခုလို တက္ကသိုလ်တွေကို နိုင်ငံခြားမှာ တည်ရှိနေတဲ့ တက္ကသိုလ်များနည်းတူ ဖော်ထုတ်နိုင်ခဲ့တာဟာ အောင်မြင်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ မဟာဌာနတွေဟာ သီးခြားရပ်တည်မယ့် တက္ကသိုလ်တွေရဲ့ အခြေခံဖြစ်ပါတယ်။
Sep 14, 2020
လွန်ခဲ့သော ဆယ်စုနှစ်ကာလများအတွင်း ပလတ်စတစ်ထုတ်လုပ်ခြင်းနှင့် အသုံးပြု ခြင်းသည် ကုန်ကျစရိတ်နှင့် အကျိုးအမြတ် သဘောသဘာဝ တွက်ချက်မှုများကြောင့် သိသာစွာ တိုးတက် လာခဲ့ပြီး ကုန်းမြေနှင့် ရေနေဂေဟစနစ်များတွင် ပြန်လည် အသုံး မပြုထားသော စွန့်ပစ်ပစ္စည်း အမှိုက်သရိုက် များအဖြစ် ကမ္ဘာနှင့်အဝန်း တွေ့ရှိနေရသည်။
Sep 14, 2020
မြန်မာနိုင်ငံအလယ်ပိုင်းရှိ အပူပိုင်းဒေသဖြစ်သော မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့သည် ပဲမျိုးစုံနှင့် ဆီထွက်သီးနှံအဓိက စိုက်ပျိုးထုတ်လုပ်သော ဒေသများ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် ၅၄၃၉၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်း၍ မြန်မာနိုင်ငံ စုစုပေါင်းဧရိယာ၏ ၁၀ ရာခိုင် နှုန်းခန့်ရှိသည်။ တစ်နှစ်ပတ်လုံး ပျမ်းမျှ မိုးရေချိန် ၇၀၀- ၁၀၀၀ မီလီမီတာခန့်သာ ရရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများအတွက် အဓိက အဟန့်အတား ဖြစ်နေသည်။ ဇွန်လနှင့် ဇူလိုင်လတို့တွင် မိုးရွာသွန်းမှု နည်းခြင်း၊ အပူချိန် မြင့်မားခြင်းနှင့် လေတိုက်နှုန်းမြင့်မားခြင်းတို့ကြောင့် ပူပြင်းခြောက်သွေ့ပြီး အပေါ်ယံ စိုက်ပျိုးမြေသား ဆုံးရှုံးမှုများ နှစ်စဉ်ကြုံတွေ့နေရသည်။ ထို့အပြင် ရွာသွန်းသော မိုးရေချိန်ပမာဏသည် တစ်နှစ် ထက်တစ်နှစ် သိသိသာသာနည်းလာခြင်း၊ မိုးရွာသွန်းမှု ပုံစံ မမှန်ခြင်းနှင့် ပျံ့နှံ့စွာ ရွာသွန်းမှုမရှိခြင်းတို့ကို လည်း ကြုံတွေ့နေရသည်။
Sep 14, 2020
ဘဝတစ်ခု၏ အုတ်မြစ်လှေကားဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းလည်း ထုတ်ပြန်ပြီးသွားလေ ပြီ။ အောင်သူပျော်၍ ရှုံးသူမမော်နိုင်သည့် နတ်ဘုရား ကြီးက နှစ်တွေဘယ်လောက်ကြာကြာ ရင်ထဲကို ဖမ်းစား နိုင်ဆဲရှိသေး၏။
Sep 14, 2020
များသောအားဖြင့် ကေတီဗွီကို သွားခဲ့ဖူးတဲ့ အပေါင်းအသင်းရောင်းရင်းတွေဟာ မိမိတို့ရဲ့ ဂုဏ်သိက္ခာအတွက် ကေတီဗွီကို သွားခဲ့၊ ပျော်ခဲ့၊ ပါးခဲ့ကြတာတွေကို ထုတ်ဖော်ပြောကြား လေ့မရှိကြပါဘူး။ အခုတော့ ကေတီဗွီမှာ ကိုဗစ် - ၁၉ ရောဂါကူးစက် ပေါက်ကွဲ မှုကြီး တစ်ခုကို မြင်တွေ့ကြားသိလိုက်ရလို့ ကျွန်တော် ကေတီဗွီ သွားခဲ့တဲ့အကြောင်းကို ထုတ်ဖော် ဖွင့်ဟဝန်ခံလိုပါတယ်။
Sep 13, 2020
ကြည်စိုးထွန်း ။ ။ အရင်အပတ်ကတော့ ကျွန်တော်တို့မင်းသားကြီးနဲ့ တွေ့ဆုံခဲ့ရတဲ့ ဒါရိုက်တာတွေအကြောင်း၊ တွဲခဲ့ရတဲ့ မင်းသားတွေအကြောင်း၊ မင်းသမီးတွေအကြောင်းလည်း တော်တော်များများ စုံခဲ့ပြီပေါ့။ ကဲ ဒီတစ်ပတ်တော့ ကျွန်တော်တို့ ဒုတိယပိုင်းအနေနဲ့ မင်းသားကြီးရဲ့ ဖြတ်သန်းလာရတဲ့ ဘဝခရီးနဲ့ကျွန်တော်တို့ရဲ့ ရုပ်ရှင်လောကရဲ့ သမိုင်းလေးကို ဆက်ပြောကြ ရအောင်။
